Chapter-54

2.4K 294 1
                                    

Unicode

အခန်း(၅၄) – “သင့်ချစ်ဇနီးအပေါ် ချစ်မြတ်နိုးသည့် အပြုအမူများ ပြုလုပ်ရန် ကျွန်ုပ်နှင့် အတူပူးပေါင်းပါဝင်ပေးပါ။ သင့်ကို ခင်ပွန်းလို့ခေါ်ဆိုစေဖို့ အစပြုလုပ်ဆောင်ရန် အမှတ်ရပါ။” (၆)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

အကြီးအကဲလုသည် သူ့ခေါင်းကို စိတ်‌ကျေနပ်ခြင်းများစွာဖြင့် ညိတ်လိုက်သည် “မင်းတို့နှစ်ယောက်လုံးက သဘောတူကြတယ်ဆိုတော့ ဒီကိစ္စက ပြီးပြတ်သွားပြီ။ နောက်နေ့ကျရင် ချင်းချင်းရဲ့မိဘတွေဆီကို အဖိုး သွားတွေ့လိုက်မယ်။ အဲ့ဒါပါပြီးသွားရင် မင်္ဂလာပွဲကိစ္စကို ဆက်ဆွေးနွေးကြမယ်။ ကောင်းပြီ၊ ဒီနေ့က အားလုံး ပင်ပန်းသွားတဲ့နေ့တစ်‌နေ့ ဖြစ်ခဲ့တယ်။ မင်းတို့အခန်းပြန်နားရင်နား မဟုတ်ရင်လည်း ဗီလာတစ်ပတ် လမ်းထွက်လျှောက်ကြပေါ့” ဆိုပြီး ပြောလိုက်သည်။

ကျီချင်းချင်းက မတ်တပ်ရပ်လိုက်ပြီး ” သမီး အရင်သွားလိုက်ပါဦးမယ်ရှင့်” ဆိုပြီး စာကြည့်ခန်းမှ ထွက်သွားခဲ့သည်။

အကြီးအကဲလုက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

လုလီရှင်းသည်လည်း သူမနောက်နား မလှမ်းမကမ်းမှ လိုက်သွားခဲ့သည်။

လုလီရှင်းအခန်း‌ကို ဖြတ်လျှောက်သွားစဉ်မှာပဲ လုလီရှင်းက ကျီချင်းချင်းကို သူ့အခန်းထဲသို့ ဆွဲထည့်လိုက်သည်။

သူရဲ့အခန်းထဲမှာ လင်းဖြာနေသည်။ ကျီချင်းချင်းရဲ့ပါးပြင်လေးများဟာ အကြီးအကဲလုရဲ့ စကားတွေကြောင့် ရှက်သွေးဖြာနေသေးသည်ကို သူ မြင်နေနိုင်သေးသည်။ သူမပါးနှစ်ဖက်လုံး နီစွေးနေသည်။

လုလီရှင်းသည် သူမကို တံခါးနားက နံရံနဲ့ ထောင့်ကပ်လိုက်သည်။ လုလီရှင်းက သူမတစ်ကိုယ်လုံးကို အုပ်မိုးထားခဲ့သည်။ သူမ၏ ထိတ်လန့်နေသော မျက်နှာအမူအရာကို သတိမမူပဲ သူက ရုတ်တရက် သူမအနားကို တိုးလာပြီး “မင်း ကိုယ့်ကို လက်ထပ်ဖို့ ဆန္ဒရှိလား။” ဟု အတင်းအကြပ် မေးလိုက်သည်။

သူသည် သူမနှင့် အရမ်းနီးကပ်နေသည်။ လုလီရှင်း၏ ရှပ်အင်္ကျီမှရသောရနံ့သည် သူမ၏နှလုံးသားကို တဒိတ်ဒိတ်ခုန်စေသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Hikayelerin yaşadığı yer. Şimdi keşfedin