Chapter-171

803 57 0
                                    

အခန်း (၁၇၁)

ကျီချင်းချင်း၏ အသံသည် အနည်းငယ် ကွဲအက်နေကာ ပင်ပန်းနွမ်းနယ်သောကြောင့် ထိုင်ခုံပေါ်သို့ မှီလှဲလိုက်သည်။

မိတ်ကပ်ဆရာမသည် မိတ်ကပ်ပစ္စည်းများကိုထုတ်ကာ သူမအား စတင်ပြင်ဆင်တော့သည်။

ကျီချင်းချင်း၏ ညဝတ်အင်္ကျီကော်လာရှိ ကြယ်သီးတို့မှာ လျော့တိလျော့ရဲ ဖြစ်နေသော်လည်း ယခုအခါမှာ မနက်စောစောအချိန်သာ ရှိသေးသောကြောင့် သူမ သတိမထားမိပေ။ မှီလှဲနေသဖြင့် သူမ၏အဖြူ‌ရောင်လည်ပင်းနှင့် ချောမွေ့သော ညှပ်ရိုးတစ်လျှောက် မထင်ရှားသော အနီရောင်အမှတ်လေးများကို မြင်နေရ၏။

ကျီချင်းချင်းည် မသိစိတ်က လက်နှင့်ဆွဲကုတ်လိုက်မိသည်။

မိတ်ကပ်ဆရာမလေးသည် ထိုအရာကို သတိထားမိသွားကာ "အစ်မချင်းချင်း၊ အစ်မရဲ့လည်ပင်း ...."

ကျီချင်းချင်းသည် သူမ၏ အင်္ကျီကော်လာအားဖွင့်ကာ မှန်ထဲတွင် ကြည့်လိုက်သည်။ သူမလည်ပင်းရှိ အနီရောင်အမှတ်တစ်ချို့မှာ သတိထားမိနိုင်ဖွယ်ရာဖြစ်ပြီး တစ်ချို့မှာ ယားယံလှသည်။

ကျီချင်းချင်းတစ်ယောက် ကြက်သေသေသွားရသည်။ ရိုက်ကူးရေးနေရာကို ပထမဆုံးစရောက်ချိန်မှာ သူမမှာ ဒီလိုလက္ခဏာမျိုး အနည်းငယ် ဖြစ်ပေါ်ခဲ့ပေမယ့် အဲဒီအချိန်တုန်းက အရမ်းမဆိုးဝါးလို့ သူမ ဂရုမထားမိခဲ့ပေ။ အခု ပြန်တွေးကြည့်ရရင် အဲ့ဒါ ဆိုးရွားတဲ့ ရိုက်ကူးရေးဝတ်စုံတွေရဲ့ ပစ္စည်းအရည်အသွေး ညံ့ဖျင်းတာကြောင့် ဖြစ်နိုင်သည့်အပြင် အရင်ရက်က သူမရိုက်ခဲ့ရတဲ့ ရွှံ့ထဲက ဇာတ်ဝင်ခန်းမှာ ရွှံ့တွေကြောင့်ဖြစ်မည်။

"ဓာတ်မတည့်တာ၊ ဖောင်ဒေရှင်းလေးနဲ့ ကူဖုံးပေးပါဦး။" ကျချင်းချင်းသည် ယနေ့ဝတ်ဆင်ရမည့် စုတ်ပြတ်နေသော အဝတ်အစားတွေအကြောင်း တွေးရင်းနှင့်ပင် သူမ ပြောလိုက်သည်။

"... အာ ... ဟုတ်ကဲ့"

ဝမ်ရို့နှင့် မိတ်ကပ်ဆရာမလေးသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့အကြည့်များမှာ တစ်ချက်ကြည့်ရုံနှင့်ပင် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုအပြည့်နှင့် သူတို့အတွေးများကို မှန်ကန်ကြောင်း ပြောနေကြသလိုပင်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Où les histoires vivent. Découvrez maintenant