Chapter-102

1.6K 198 4
                                    

Unicode

အခန်း (၁၀၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

"--- ကတ်၊ ကောင်းတယ်။" ဒါရိုက်တာက ကင်မရာနောက်ကွယ်မှ ထွက်လာခဲ့သည်၊ "မင်းတို့နှစ်ယောက် အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါ၊ အထူးသဖြင့် ကျီချင်းချင်း မင်းကို ကျေးဇူး အများကြီး တင်ပါတယ်။"

မူလက သူဟာ ကျီချင်းချင်းကို အများကြီး မျှော်လင့်ချက် မထားခဲ့သော်လည်း အဆုံးတွင် ကျီချင်းချင်းသည် သူ့အတွက် ပြဿနာကြီးတစ်ခုကို ဖြေရှင်းပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ဒါက ကိစ္စ မရှိပါဘူး။ ကျွန်မတို့ ရိုက်ကူးပြီးသွားတဲ့အတွက် ဝမ်းသာပါတယ်။"

ကျီချင်းချင်းရဲ့ ကြင်နာတတ်သော အသွင်အပြင်က ပတ်ဝန်းကျင်မှာ သူမအကြောင်းကြားနေရသည့် ကောလဟလများအား လူအများ သံသယဝင်စေခဲ့သည်။

ကျီချင်းချင်းသည် သူတို့ သူမကို ဘယ်လိုပဲ ရှုမြင်နေပါစေ သိပ်အရေးမထားဘူး၊ သူမဟာ မာနကြီးပြီး မောက်မာသူတစ်ယောက်နဲ့ မတူဘူး။ သူမသည် လိုက်လျောညီထွေရှိပြီး သွက်လက်သည်။ သူမသည်လည်း အလွန်ယဥ်ကျေးပြီး စွမ်းရည်ပြည့်ဝပုံရသည်။ ဒါဆို ဒီကောလဟလတွေက ဘယ်လို ဖြစ်တာလဲ။

ကျီချင်းချင်းသည် သူမဗိုက်လေးကို ပွတ်သပ်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ ပြန်ပြုံးပြရုံသာ ပြနိုင်ခဲ့သည်။

လုယောင်သည် သူမကို ဒုက္ခများစွာ ပေးခဲ့သည်။ သူ့ကြောင့် NG ဘယ်လောက် ဖြစ်ခဲ့မှန်းပင် သူမ မသိတော့ပေ။ သူမ ရိုက်ကွင်းပေါ်မှာ ဗိုက်နာလွန်းလို့ ခြေထောက်တွေပင် တဆတ်ဆတ် တုန်လုနီးပါး ဖြစ်သွားခဲ့သည်။

ကျီချင်းချင်းသည် ရူတင်နေရာမှ ထွက်လာပြီး ဧည့်ခန်းဆီသို့ ဦးတည်လာခဲ့သည်။ နောက်ထပ် အကိုက်အခဲပျောက်ဆေး နှစ်လုံးကို လက်ထောက်ဆီမှ တောင်းဖို့ ပြင်မှပဲ လုလီရှင်းကို မြင်တွေ့လိုက်ရသည်။ သူမမျက်ဝန်းတွေက ချက်ချင်းပင် တောက်ပသွားကာ "မစ်စတာလု၊ ဒီကို ဘာလာလုပ်တာလဲ။" လို့ မေးလိုက်သည်။

သူ သူမကို ကုမ္ပဏီကို သွားမယ်လို့ ပြောခဲ့တာ မဟုတ်လား။ ဘာဖြစ်လို့ သူ ဒီကို ရောက်နေတာလဲ။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Donde viven las historias. Descúbrelo ahora