Chapter-76

2.1K 221 1
                                    

Unicode

အခန်း (၇၆) – လတ်တလောမှ ချမ်းသာကြွယ်ဝလာသူ လုလီရှင်းနှင့် သူ့ရဲ့ နူးညံ့သိမ်မွေ့သော ချစ်ဇနီး (၁)

လုလီရှင်း ထိုသို့ပြောပြီးတာနဲ့ စတိုးဆိုင်ထဲက ဝန်ထမ်းတွေရဲ့ မျက်နှာပေါ်မှာ ဝမ်းသာအားရ အပြုံးတွေ ထွက်ပေါ်လာခဲ့သည်။

"ကောင်းပြီ၊ ဆရာ။ ကျွန်တော်တို့ မကြာခင် ......"

"ခဏ စောင့်ဦး။" ကျီချင်းချင်းသည် သူ့အား စိတ်မှန်သေးရဲ့လားဟု မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် မယုံနိုင်စွာ ကြည့်နေခဲ့သည်။

လုလီရှင်းက ကျီချင်းချင်းရဲ့ အကြည့်တွေကို လျစ်လျူရှုကာ စတိုးဆိုင်ဝန်ထမ်းအား "မင်း ရပ်နေဖို့ မလိုအပ်ဘူး။ ငါ့အတွက် အကုန် ထုပ်ပိုးပေးပါ။" ဟု ညွှန်ကြားလိုက်သည်။

ကျီချင်းချင်းက စတိုးဆိုင်ဝန်ထမ်းတွေကို “ခဏနေဦး” လို့ လှမ်းအော်လိုက်သည်။

ထို့နောက် ကျီချင်းချင်းသည် လုလီရှင်းကို တိုးတိုးလေး ကပ်ပြောခဲ့သည်။

“ရှင် ဘာဖြစ်လို့ ဒီလောက် အများကြီး ဝယ်နေရတာလဲ။ ကျွန်မ ဒါတွေ အကုန်လုံး မဝတ်နိုင်ဘူး။”

လုလီရှင်းက သူ့ပါးစပ်ကနေ စကားလုံးအချို့ကို ညှစ်ထုတ်လိုက်ပြီး စကားဆိုသည်။ “အဲ့ဒီအဝတ်အစားတွေက မင်းကို ကြည့်ကောင်းစေလိမ့်မယ်။”

ကျီချင်းချင်းက မျက်ခုံးပင့်လိုက်သည်။ “သူတို့တွေ ဘယ်လောက် ကြည့်ကောင်းနေနေ အရေးမကြီးဘူး။ ကျွန်မ သူတို့ကို မလိုချင်ဘူး။ ကျွန်မ ရွေးချယ်ထားတဲ့ ဝတ်စုံတွေက ပိုကြည့်ကောင်းတယ်။”

ဒီဆိုင်ထဲမှာ အဝတ်အစားတွေ အများကြီး ရှိတယ်၊ ဒါတွေကို အကုန်လုံးကို ဝယ်မယ်ဆိုရင် ဘယ်လောက်တောင် ကုန်ကျနိုင်မလဲ။

ကျီချင်းချင်းက သူ့ကို ဝေဖန်အပြစ်တင်လိုသည့်ဟန် ကြည့်နေခဲ့သည်။ ငွေရေးကြေးရေး အခြေအနေ ကောင်းမွန်တဲ့လူတွေက တခြားသူတွေရဲ့ ဒုက္ခတွေကို နားမလည်ကြဘူး။ သူ့မိသားစုက ချမ်းသာတယ် ဆိုရင်တောင် လုလီရှင်းက ဒီလိုမျိုး မသုံးစွဲသင့်ဘူး။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Donde viven las historias. Descúbrelo ahora