Chapter-103

1.7K 169 1
                                    

Paid Gp စဆုံးပြီး

Unicode

အခန်း (၁၀၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းသည် အမျိုးသားတစ်ယောက်ထံမှ မင်းသမီးလေးလို ပွေ့ချီခြင်းမျိုးကို ဘယ်တော့မှ မခံခဲ့ရဖူးပေ၊ ဒီထက် ပိုအရေးကြီးတာက သူ သူမကို ပွေ့ချီတာကို ဒီမှာရှိသည့် လူတိုင်း မြင်တွေ့လိုက်ကြသည်။ သူမသည် ဤအတွေ့အကြုံကြောင့် ကြောက်ရွံ့ပြီး တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားနေခဲ့သည်။

သူမခါးနှင့် ဒူးကို ဖက်ပွေ့ထားသည့် လက်တွေက ကြီးမားပြီး သန်မာသည်။ သူက သူမကို တင်းကြပ်စွာ ပွေ့ချီထားသည်။ ကျီချင်းချင်းတစ်ယောက် သူမရဲ့ ရင်ဘတ်ထဲမှ ထိန်းချုပ်မရနိုင်လောက်အောင် အခုန်မြန်သော ရင်ခုန်သံကို ကြားလိုက်ရသည်။

သူမရဲ့ လက်ရှိခံစားချက်ကို ဘယ်လို ဖော်ပြရမှန်း သိပေမယ့် သူမ သောက်ထားသည့်အတွက် အနည်းငယ် မူးရစ်ရီဝေနေသလိုမျိုး ခံစားလိုက်ရပြီး သူမ စားဖူးတဲ့ ‌ချောကလက်ထက် ပိုချိုမြိန်သလို ခံစားရသည်။

အချိန်က ဆယ့်နှစ်နာရီထိုး ရှိပြီဖြစ်ကာ ရာသီဥတု အခြေအနေက မပူလွန်း မအေးလွန်း ဖြစ်ကာ ရာသီဥတု သာယာသည်။

တောက်ပသော နေရောင်ခြည်သည် လုလီရှင်းရဲ့ မျက်တောင်ရှည်များအပေါ် ဖြာကျပြီး အရိပ်ထင်နေခဲ့သည်။ ကျီချင်းချင်းသည် လုလီရှင်းရဲ့ အပြစ်အနာဆာကင်းသော ဘေးတိုက်မျက်နှာလေးကို ခိုးငေးကြည့်နေခဲ့သည်။ သူမသည် သူ အသက်ရှုလိုက်တိုင်း လှုပ်ရှားနေသည့် သူ့ရင်ဘတ်က အနိမ့်အမြင့် ရွေ့လျားနေတာကို ခံစားနေရသည်။

“ရှင်... ကျွန်မကို အောက်ချပေးပါ။”

လုလီရှင်းက သူမကို လျစ်လျူရှုလိုက်သည်။

ကျီချင်းချင်းသည် ရှက်သွေးဖြာပြီး မျက်နှာလေး နီရဲနေသည်။ သူမရဲ့ ဝမ်းဗိုက်အောက်ပိုင်းရှိ နာကျင်မှုက ထပ်မံ ဖြစ်ပွားလာပြန်သည်။ အခုနက စတူဒီယိုမှာ ရိုက်ကူးနေတုန်းက အရမ်း စိတ်အားတက်ကြွနေပေမယ့် အခု သူမ ပြန်လာတော့ အလွန်အမင်း ပင်ပန်းနေခဲ့ပြီ။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now