Paid Gp စဆုံးပြီး
Unicode
အခန်း (၁၀၅)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)ကျီချင်းချင်းသည် သူမစိတ်ထဲတွင် ပဲ့တင်ထပ်နေသော စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရသလိုပင်၊ သူမရဲ့ နှလုံးခုန်နှုန်းဟာ မြန်ဆန်သွားပြီး သူမခန္ဓာကိုယ်ရှိ သွေးများအားလုံးသည် သူမရဲ့ ခေါင်းဆီသို့ ပြေးသွားခဲ့သည်။ ထိုအချိန်တွင် သူမ အသက်ရှုဖို့ကိုပင် မေ့လျော့သွားခဲ့သည်။
သူမသည် ခေါင်းမော့ပြီး လုလီရှင်းကို တအံ့တသြ စိုက်ကြည့်လိုက်မိသည်။ သူ ဘာလုပ်နေတာလဲ။
လုလီရှင်းက သူမကို ပြန်စိုက်ကြည့်နေသည်။ အရမ်းနူးညံ့ပျော့ပျောင်းနေတာပဲ။
အမျိုးသမီးတစ်ယောက်ရဲ့ ဝမ်းဗိုက်က ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပျော့ပြောင်းနေနိုင်တာလဲ။
ကျီချင်းချင်းသည် သူမရဲ့ ပါးပြင်တွေ ပူလောင်နေတာကို ခံစားသိရှိနေပြီး "ရှင့်လက်ကို ဖယ်လိုက်ပါ။" လို့ ပြောလိုက်သည်။
"မင်းလက်ကို အရင်ဖယ်သင့်တယ်။"
ကျီချင်းချင်းက ခေါင်းငုံ့ကြည့်လိုက်တော့ သူမလက်တွေက လုလီရှင်းရဲ့ လက်အပေါ်တွင် ရှိနေတာကို တွေ့လိုက်ရသည်။ သူမသည် သူ့လက်ပေါ်မှ ဖုံးအုပ်ထားပြီး အနွေးဓာတ်ကို ပိုရစေရန် သူ့လက်ကိုပင် ဖိထားလိုက်သေးသည်။
ကျီချင်းချင်းသည် ရှက်လွန်းလို့ ပြောစရာစကားပင် ရှာမတွေ့တော့ဘူး။ ကျီချင်းချင်းသည် သူမလက်ကို အမြန်ဖယ်လိုက်သည်။
လုလီရှင်းသည် ရှေ့သို့ငုံ့ကိုင်း၍ ပြုတ်ကျသွားသော ရေနွေးအိတ်ကို ကောက်ကူပြီး ကျီချင်းချင်းရဲ့ ဝမ်းဗိုက်ပေါ် တင်ပေးလိုက်သည်။
ကျီချင်းချင်းသည် ယခုအချိန်တွင် ကောင်းမွန်စွာ ပြုမူတတ်ဖို့ သင်ယူနိုင်ခဲ့ပြီး လုလီရှင်းနှင့် အတော်အတန် လုံခြုံသော အကွာအဝေးကို ထားရှိခဲ့သည်။ သူမလက်ကို ရေနွေးအိတ်ပေါ်တင်ပြီး ကားပြတင်းပေါက်အပြင်သို့ လှမ်းကြည့်နေခဲ့သည်။ သူမရဲ့ နှလုံးခုန်သံသည် သူမနားထဲတွင် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးနေသည်။ သူမမျက်ဝန်းတွေကို မှိတ်ပြီး အနားယူချင်ဟန်ဆောင်ထားပေမယ့် တကယ်တမ်းတွင်တော့ လုလီရှင်းကို မျက်နှာပူပြီး မျက်နှာချင်း မဆိုင်ဝံ့တာကြောင့် ဖြစ်သည်။