Unicode
အခန်း (၁၃၀)
လုလီရှင်းသည် ထထိုင်လျက် အပေါ်အင်္ကျီကိုချွတ်ကာ ဆိုဖာပေါ်ပစ်တင်လိုက်သည်။
"ရှင်က ကျွန်မနဲ့ တစ်ခန်းတည်းတူတူအိပ်မလို့လား။"
လုလီရှင်းသည် ယုံကြည်မှုအပြည့်ဖြင့် "ကိုယ်တို့က လင်မယားတွေပဲဟာ၊ ဒီမှာမအိပ်လို့ ဘယ်မှာအိပ်ရမှာလဲ။"ဟု ပြောသည်။
"ဟိုတယ်အခန်းယူမထားဘူးလား။"
"ရှင် အခန်းယူမထားဘူးလို့ မပြောနဲ့နော်။"
"..." သူသည် သူမ၏စွပ်စွဲချက်များကို မငြင်းဆိုနိုင်ပါ။ လုလီရှင်းသည် ဤမျှချွေတာတတ်လိမ့်မည်ဟု သူမ မထင်ခဲ့မိချေ။
သို့သော်လည်း သူသည် အခန်းထဲ၌ သူမနှင့်အတူ အိပ်၍ရနိုင်သည်။ သူမအိပ်ရာသည် လူနှစ်ယောက်စာအတွက် လုံလောက်သော အကျယ်အဝန်းရှိလေသည်။
ကျီချင်းချင်းသည် ဟိုတယ်ဝတ်စုံများထုတ်၍ သူ့ဆီပစ်ပေးကာ "ရေအရင်သွားချိုးလိုက်ဦး"ဟု ပြောသည်။
လုလီရှင်းသည် ဟိုတယ်ဝတ်စုံကိုယူ၍ ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။
ရေချိုးခန်းတံခါး ပိတ်သွားသည်နှင့်အတူ အခန်းတံခါးဘဲလ်သံလည်း မြည်လာလေသည်။
ကျီချင်းချင်းလည်း ဟိုတယ်တံခါး၏ ချောင်းကြည့်ပေါက်မှ မရင်းနှီးသောလူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် အတွင်းမှပင် "ဘယ်သူလဲ"ဟု မေးလိုက်သည်။
"ငါပါ လင်းယွဲ့ပါ။"
လင်းယွဲ့က ဘယ်သူများပါလိမ့်။
"ဒါရိုက်တာလင်းပါ။"
ဒါရိုက်တာလင်းလား။
ကျီချင်းချင်းသည် တံခါးမဖွင့်မီ ရေချိုးခန်းဆီသို့ ကြည့်လိုက်သည်။
"ဘာကိစ္စများရှိလို့လဲ ဒါရိုက်တာလင်း၊ နောက်တောင်ကျနေပြီပဲကို" ကျီချင်းချင်းသည် အခန်းထဲသို့ မဖိတ်ခေါ်ဘဲနှင့် အရှေ့မှရပ်ကာ ပြုံး၍ပြောလိုက်သည်။
ဒါရိုက်တာလင်း၏ အမည်ရင်းမှာ လင်းယွဲ့ဖြစ်သည်။ သူသည် ရိုက်ကူးရေးအဖွဲ့၏ လက်ထောက်ဒါရိုက်တာဖြစ်သည်။ အသားညိုညို လူကောင်ကြီးကြီးဖြင့် အသင့်အတင့်ကြည့်ကောင်းသည်။ ၁.၇၈မီတာ (၅ပေ ၈လက်မ)ခန့် အရပ်ရှည်ကာ အားအင်အပြည့်ပင်ဖြစ်သည်။