Chapter-107

1.4K 116 1
                                    

Unicode

အခန်း (၁၀၇)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းရဲ့ မိသားစု...

လုလီရှင်းက အနည်းငယ် အံ့အားသင့်သွားပြီး ကျီချင်းချင်းရဲ့ ငယ်ဘဝနှင့် သူမရဲ့ မိသားစုအကြောင်းကို အနည်းငယ် စိတ်ဝင်စားသွားသည်။

"ငါ စုံစမ်းပြီးပြီ၊ ချင်းချင်းက အရမ်းတော်တဲ့ ကလေးတစ်ယောက်ပဲ။ သူမက ဒီနှစ်တစ်လျှောက်လုံး သူ့မိသားစုထံ ငွေပို့ခဲ့တယ်။ သူ့မိသားစုဆီ အလည်သွားဖို့ ဘယ်အချိန်လောက် အားလပ်မလဲ ဆိုတာ မင်းနဲ့ ချင်းချင်းတို့ နှစ်ယောက်သား ဆွေးနွေးတိုင်ပင်သင့်တယ်။"

လုလီရှင်းသည် တစ်ခုခုပြောရန် သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း အဖိုးလုက သူ့ကို ချက်ချင်း ပိတ်ဆို့လိုက်သည်။

"မင်းရဲ့အလုပ်ကို အခု ခဏလောက် ဘေးဖယ်ထားလိုက်ဦး။ မင်း ကုမ္ပဏီက ပရောဂျက်အားလုံးအတွက် မင်းကိုယ်တိုင် အကြံပေးဖို့ လိုအပ်လား။ မင်းရဲ့ ကုမ္ပဏီမှာ ရာနဲ့ချီတဲ့ ဝန်ထမ်းတွေရှိတယ်၊ အရာရာတိုင်းကို မင်းကိုယ်တိုင် ဘာဖြစ်လို့ လုပ်ရမှာလဲ။ မင်းရဲ့ ဝန်ထမ်းတွေက အသုံးမကျဘူးလား။ မင်း အရင်က ကောင်မလေး မရှိလို့ အဆင်ပြေပေမယ့် အခု မင်းမှာ မိသားစုရှိလာပြီ ဆိုတော့ မင်း မိသားစုကို လစ်လျုရှုပြီး တစ်ချိန်လုံး အလုပ်ချည်းပဲ မလုပ်သင့်ဘူး။ အိမ်ကို အချိန်မှန် ပြန်လာပြီး အချိန်ပို မဆင်းနဲ့။ ပိတ်ရက်တွေဆို အလုပ်မသွားပဲ အိမ်မှာ နေ။ မနက်အစောကြီး ကုမ္ပဏီကို မသွားနဲ့၊ အိမ်ပြန်တာ ညဥ့်မနက်စေနဲ့။ အရင်တုန်းကတော့ ငါ မင်းကို လဝက်မှ တစ်ခါလောက် တွေ့ဖို့ အခွင့်အရေး ရတယ်။"

လုလီရှင်း မတုံ့ပြန်နိုင်ခဲ့ဘူး။ အဖိုးလုက သူ့ကို စိုက်ကြည့်ပြီး ဆက်ပြောသည်၊ "ပိုက်ဆံပြတ်လပ်နေတာလည်း မဟုတ်ဘူး။ ဒီလို ကုမ္ပဏီကြီးတစ်ခုက မင်း မရှိလို့ တစ်လအတွင်း ပြိုလဲသွားမှာ မဟုတ်ဘူး။ အရာအားလုံးအတွက် မင်း စိတ်ပူနေဖို့ မလိုအပ်ဘူး။"

အဖိုးလုရဲ့ ဆူပူမာန်မဲခြင်းကို ခံရပြီးနောက် လုလီရှင်းသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်၊ "အဖိုး၊ စိတ်မပူပါနဲ့တော့။ ကျွန်တော် ဒီကိစ္စကို ချင်းချင်းနဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ့မယ်။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now