Chapter-27

2.9K 363 5
                                    

Unicode

အခန်း(၂၇) - မဟုတ်ဘူး၊ ကိုယ် သေသွားပြီ (၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ဝမ်းနည်းမှုနှင့် နောင်တများ ဖိစီးသွားသောအခါ ကျီချင်းချင်းသည် သူမရဲ့စိတ်ဖိစီးမှုကြောင့် ကိုယ်အလေးချိန်ကျသွားသလို ခံစားလိုက်ရသည်။

လုလီရှင်း သေသွားခဲ့ပြီ။ အဲ့ဒီအဓိပ္ပာယ်က သူမသည် လုလီထင်၏လက်စားချေခြင်းကို သူမကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရလိမ့်မည်ဟု ဆိုလိုသည်။

ဝတ္ထုဇာတ်လမ်းထဲက ကျီချင်းချင်းသည် လုလီထင်၏နှလုံးသားကို ငယ်ရွယ်စဥ်က ရိုက်ချိုးခဲ့သည့် သိုက်တူးသမားတစ်ယောက်သာ မဟုတ်ဘူးဆိုရင်…

ဝတ္ထုဇာတ်လမ်းထဲက ကျီချင်းချင်းဟာ တကယ့်ကို စိတ်ဆင်းရဲစရာကောင်းသည့် ဇာတ်သိမ်းတစ်ခု ရှိခဲ့သည်။ သူမသည် နာမည်ပျက်စာရင်းဝင်သွားခဲ့သဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့သည်။ လမ်းဆုံးသို့ တွန်းပို့ခံရပြီးတော့ သူမသည် ပါတီပွဲတစ်ခုမှာ အရံအဆိုတော်အဖြစ် အလုပ်ရခဲ့သည်။ ပါတီရှိလူတိုင်း၏ရှေ့တွင် လုလီထင်သည် သူမအား ရှန်းဝေဝေ၏ဖိနပ်မှ ဝိုင်နီများကို သုတ်ပေးရန် အမိန့်ပေးခဲ့သည်။

ယခု သူမသည် မစ္စလုဟူသော ဂုဏ်ပုဒ်ကို ရရှိထားပြီးဖြစ်သောကြောင့် သူမသည် ဝတ္ထုဇာတ်လမ်းထဲက ကျီချင်းချင်းထက် အခြေအနေ အနည်းငယ် ပိုကောင်းလာသည်။ ဒါပေမယ့် လုလီထင်က သူ့မိသားစုရဲ့ စီးပွားရေးလုပ်ငန်းများကို အမွေဆက်ခံပြီး ထျန်းယွီအင်တာတိန်းမန့်ရဲ့ သူဌေးဖြစ်တာတဲ့အခါကျရင် သူက သူမရဲ့သရုပ်‌ဆောင်အလုပ်ပေါ်မှာ အကြွင်းမဲ့အာဏာ ရှိလာလိမ့်မည်။ အဲ့ဒီအခါ သူမ ဘာဖြစ်သွားမလဲ။

ကျီချင်းချင်းသည် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့သည်။

လုလီထင်ရဲ့အမုန်းအပြည့်ဖြင့် အကြည့်တွေကို ပြန်တွေးမိတော့ သူသည် သူမအား လွယ်လွယ်ကူကူ လက်လွှတ်ပေးလိမ့်မည်မဟုတ်ကြောင်း သူမ ခန့်မှန်းမိသည်။ အကြီးအကဲလုသည် ကျန်းမာတုန်းဖြစ်သော်လည်း သူမ လုံလုံလောက်လောက် စုဆောင်းပြီးတာနဲ့ ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ ငွေရှာဖို့ အာရုံစိုက်သင့်သည်။ သူမသည် နောင်အနာဂတ်တွင် လုလီထင်နှင့် သူ့ချစ်သူ ရှန်းဝေဝေတို့၏ ညှင်းပန်းနှိပ်စက်ခြင်းကို မခံလိုပါ။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now