Chapter-118

1.3K 113 1
                                    

Unicode

အခန်း (၁၁၈)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

"ဒါပေမယ့် အခု နောက်ဆုံးတော့ ကျွန်မ သူတို့ဆီကနေ လွတ်မြောက်သွားခဲ့ပြီ။ ကျွန်မ နောက်ဆုံးတော့ သူတို့ဆီနေ လွတ်မြောက်နိုင်ခဲ့ပြီ၊ ကျွန်မ တကယ်ပျော်တယ်..." ကျီချင်းချင်းက ဆက်ပြောသည်၊ "ကျွန်မက သူတို့ကို ဖယ်ရှားနိုင်ဖို့ နှစ်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့တယ်။ အခုတော့ သူတို့ကို နောက်တစ်ခါ ပြန်မတွေ့ရတော့တဲ့အတွက် စိတ်ပူစရာ မလိုတော့ဘူး။ ကျွန်မ အခု ကိုယ်လုပ်ချင်တာကို လုပ်နိုင်တယ်။"

ကျီချင်းချင်း၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ အသံဟာ တဖြည်းဖြည်း တိုး‌ဖျော့လာခဲ့သည်။ ကျီချင်းချင်းသည် သူမရဲ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေကိုမှိတ်ပြီး "ပျော်ပါတယ်..." ဟု ပြောလိုက်သည်။

ကား၏အရှိန်က တဖြည်းဖြည်း နှေးကွေးလာသည်။

"သခင်၊ ကျွန်တော်တို့ အိမ်ကိုရောက်ပါပြီ။"

ကားမောင်းသမား၏စကားကြောင့် လုလီရှင်းသည် အတွေးနွံထဲမှ ပြန်ရောက်လာခဲ့သည်။

လုလီရှင်းသည် ကျီချင်းချင်းကို ကားပေါ်မှ တွဲချပေးပြီးနောက် အန်တီဖေးလက်ထဲ အပ်လိုက်သည်။ အန်တီဖေးကို ကျီချင်းချင်းအား သန့်ရှင်းသွားအောင် ပြုလုပ်ပေးဖို့ အကူအညီတောင်းခဲ့သည်။ အန်တီဖေးသည် လုလီရှင်းကို စိတ်ပျက်စွာ ကြည့်လိုက်မိသော်လည်း သူမ ပြောချင်တာကို တိုက်ရိုက် မပြောနိုင်မှန်း သူမ သိသည်။ ထို့ကြောင့် သူမသည် ကျီချင်းချင်းကို ရေချိုးခန်းထဲသို့ တွဲခေါ်ပြီး သူမကို သန့်ရှင်းရေးလုပ်ပေးဖို့ ကူညီနေရင်း သက်ပြင်းသာချနိုင်ခဲ့သည်။

လုလီရှင်းသည်လည်း ရေချိုးဖို့ ရေချိုးခန်းထဲဝင်သွားသည်။ လုလီရှင်းသည် ကျီချင်းချင်းက သူ့အပေါ် အတော်လေး အန်ချခဲ့တာကြောင့် ရေချိုးခန်းထဲမှာ အချိန်အတော်ကြာအောင် ရေချိုးလိုက်သည်။

အန်တီဖေးက ကျီချင်းချင်းရေချိုးတာကို ကူညီပြီးသွားတဲ့အတွက် အိပ်ဖို့ အိပ်ခန်းထဲက ကုတင်ပေါ်ကို ကူညီတင်ပေးခဲ့သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now