အခန်း (၁၇၅)
"ရှင်သိလား။ ကျွန်မကလည်း ဂုဏ်သရေရှိအိမ်တော်တစ်ခုက သမီးတစ်ယောက်ပဲဆိုတာကို။ အခုတော့ ရှင့်ကို ခစားဖို့ အစေခံတစ်ယောက်အဖြစ် လျှော့ချခံလိုက်ရတဲ့လူပေါ့။" ရှန်းဝေဝေသည် ကောက်ကျစ်စွာ ပြုံးလိုက်၏။ "အခု ဒီလိုတွေဖြစ်လာပြီဆိုမှတော့ ကျွန်မ ရှင့်ကို အမှန်တရားအတိုင်း ပြောပြလည်း မနာကျင်လောက်တော့ပါဘူး။ ကျွန်မရဲ့နောက်ခံအမှန်ကို သခင်မလေး မသိလောက်ဘူး။ ကျွန်မရဲ့ နာမည်အရင်းက ချန်းယွမ်ဝမ်ပဲ။ လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်က ရှင့်အဖေ စွပ်စွဲပြီး သတ်ခဲ့လို့ သေခဲ့ရတဲ့ ချန်းရှုဟွေ့ရဲ့သမီးပဲ။ ကျွန်မ သေမင်းတံခါးဝကနေ လွတ်ခဲ့ပြီး ကံတရားအရ ကျွန်မကို ရှင်တို့မိသားစုဆီ ရောင်းစားခံရပြီး အစေခံဖြစ်လာခဲ့ရတာပေါ့။"
"ငါ..."
"တကယ်တော့ ရှင်နဲ့ ရှီးချန်ရဲ့ တွေ့ဆုံမှု မှန်သမျှက ကျွန်မအကွက်ချထားခဲ့တာတွေပဲ။"
"ရှီးချန်"
ရှန်းဝေဝေသည် ဆန်ပြုတ်ပန်းကန်အား ကိုင်လိုက်သည်။ "ဟုတ်တယ်၊ ဒီနေ့လည်း ရှီးချန်ကပဲ ကျွန်မကို လာခိုင်းခဲ့တာ။"
ကျီချင်းချင်း၏ ကြောက်ရွံ့ထိတ်လန့်သော အကြည့်တို့မှာ ဆန်ပြုတ်ပန်းကန်ဆီကျရောက်သွားပြီးနောက် ပြင်းပြင်းထန်ထန်ပင် ခေါင်းခါရမ်းလာခဲ့သည်။ "မဖြစ်နိုင်တာ သူက ငါ့ကို ဒီလို ...ဟင့်အင်း သူက အဲ့လိုမလုပ် ..."
"သောက်လိုက်။ ရှင့်ဆွေမျိုးတွေလည်း တစ်ယောက်မှ မကျန်တော့ဘူး၊ ရှင်တစ်ယောက်တည်းပဲ ကျန်တော့တာ။ ဒါက ကျွန်မ ရှင့်ကို မျက်နှာသာပေးတာပဲ။"
ဆန်ပြုတ်ပန်းကန်မှာ ကျီချင်းချင်း၏ ပါးစပ်ဖျားသို့ရောက်နေပြီဖြစ်ပြီး ရှန်းဝေဝေမှာ သူမမေးဖျားအား ကိုင်ကာ ဆန်ပြုတ်ကို ပါးစပ်ထဲ လောင်းချရန် အဆင်သင့်ဖြစ်နေပြီ။
ကျီချင်းချင်းသည် အပြင်းအထန် ငြင်းဆန်နေပြီး ရှန်းဝေဝေ၏ လက်တို့မှာ ဆန်ပြုတ်အား သူမ၏ရင်ဘတ်ပေါ် လောင်းချမိသွားသည်။
"အား ..."
"ကတ်" ဒါရိုက်တာကျိုးသည် ရပ်ဖို့မအော်ခင် ချောချောမွေ့မွေ့ပင် ရိုက်ကူးနေခဲ့၏။ "ဘာဖြစ်တာလဲ။ ဒီလောက်ကောင်းနေတဲ့အခန်းကိုကွာ ..."
![](https://img.wattpad.com/cover/279714628-288-k885403.jpg)