Ch-192

643 78 0
                                    

အခန်း (၁၉၂)

တစ်လနှင့်သုံးရက်ကြာပြီးနောက် ကျီချင်းချင်းသည် ရိုက်ကူးရေးကို အောင်မြင်စွာ အပြီးသတ်နိုင်ခဲ့သည်။

ကြာချိန်မှာသည် အရင်က မှန်းထားသည့်အတိုင်း နှစ်လ သို့မဟုတ် သုံးလလောက် မကြာခဲ့ပေ။ ပြောဖို့တောင်မလိုပေ။ ဤခန့်မှန်းချက်သည် အတိတ်က ကျီချင်းချင်းလုပ်ခဲ့သော များပြားစွာသော NG ခန်းအများအရ နှစ်လ သုံးလကြာလောက်မည်ဟု ထင်မြင်တွက်ချက်ခဲ့ခြင်းဖြစ်ပေသည်။

လွန်ခဲ့တဲ့လတွင် ကျီချင်းချင်း၏ သရုပ်ဆောင်မှုမှာ ရိုက်ကူးရေးအဖွဲ့သားတွေကို ယုံကြည်စေရုံသာမက ဒါရိုက်တာကျိုးကိုပါ အံ့အားသင့်သွားစေခဲ့၏။

လွန်ခဲ့သည့်တစ်လကပင် စာကြောင်းတွေကို ဖြောင့်အောင်ပင် မကျက်နိုင်ခဲ့သော ကျီချင်းချင်းမှာ တစ်လအကြာတွင် ဒါရိုက်တာကျိုးထံမှ သင်ကြားပြသပေးဖို့တောင် မလိုတော့ဟု ဘယ်သူက ထင်ထားမှာလဲ။

ကျီချင်းချင်းသည် ကျီချင်းယွမ် ပေးလာသော ပန်းစည်းလေးကို ကိုင်လိုက်ပြီး ဒါရိုက်တာကျိုးအား မေးလိုက်သည်။ "ဒါရိုက်တာကျိုး ဒီည ရိုက်ဖို့ အခန်းရှိသေးတာလား။"

"လူတိုင်းက မင်းရိုက်ကူးရေးပြီးသွားလို့ ထမင်းလိုက်ကျွေးမှာကို စောင့်နေကြတာ။ ရိုက်ကူးရေးကို ဆက်လုပ်ဖို့ ငါစီစဉ်လို့ရမယ်များ ထင်တာလား။"

"ကောင်းပြီ၊ ဒီည ကျွန်မ အိမ်ရှင်လုပ်ပြီး အားလုံးကို ထမင်းတစ်နပ် ဧည့်ခံပါမယ်။ ဒီအချိန်အတောအတွင်းမှာ ကျွန်မကို ဂရုစိုက်ပေးကြလို့ ကျေးဇူးတင်ပါတယ်။" ကျီချင်းချင်းသည် ဇာတ်လမ်း၏ အဓိကသရုပ်ဆောင်နှစ်ယောက်အား ကြည့်လိုက်သည်။ "အစ်မကျင်းယွမ်နဲ့ အစ်ကိုကျန်းစုတို့က ကျွန်မကို ဒီလိုလုပ်ဖို့ အခွင့်အရေးပေးပါ့မလားမသိဘူး။"

ဤတစ်လအတွင်း ကျီချင်းချင်းနှင့် ရိုက်ကူးရေးတွင် ပါဝင်သရုပ်ဆောင်သူအများအပြား၏ ဆက်ဆံရေးများမှာ များစွာတိုးတက်လာခဲ့၏။ ဒါမှမဟုတ် သူနဲ့အဆင်ပြေအောင် အတင်းအကြပ် ဖိအားပေးခံရတာကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် ယခင်က ကျီချင်းချင်း၏ မောက်မာသောအကျင့်နှင့် အနိုင်ကျင့်မှုအား ခံခဲ့ရသူများမှာ သူမအပေါ်တွင် အမြင်လေး အနည်းငယ် ပြောင်းလဲလာခဲ့ကြသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now