Chapter-134

1K 97 1
                                    

အခန်း (၁၃၄)

လက်ထောက်ဒါရိုက်တာလင်းသည် လုလီရှင်း၏ ဝန်ထမ်းမဟုတ်သဖြင့် သူ၏အပြုအမူများကို အရေးမယူနိုင်ပေ။ မုန့်ရွှင်းမှာမူ ထျန်းယွီအင်တာတိန်းမန့်မှဖြစ်၍ သူ့ထိန်းချုပ်မှုအောက်တွင် ဖြစ်ပွားခဲ့သည့်အတွက် ဂရုပြုရမည်ဖြစ်လေသည်။

လုလီရှင်းသည် ချင်ယွဲ့ဘက်လှည့်ကာ "ကျီချင်းချင်းရဲ့ ဒုတိယခေါင်းဆောင်မင်းသမီးနေရာကို မုန့်ရွှင်းက ငွေနဲ့ကိုယ်ခန္ဓာသုံးပြီး လဲလှယ်ထားတာလို့ လက်ထောက်ဒါရိုက်တာလင်းက ပြောသွားတယ်၊ ဒီလိုကိစ္စမျိုးကို ကုမ္ပဏီမှာ အရင်ကကြားဖူးလား။"

သူသည် ထျန်းယွီအင်တာတိန်းမန့်အား ပိုင်သော်ငြားလည်း ကိုယ်တိုင်စီမံခန့်ခွဲခြင်းမရှိသဖြင့် လုပ်ငန်းလည်ပတ်ပုံတို့ကို သေချာမသိရှိချေ။

ချင်ယွဲ့မှာမူ လုပ်သက်ကြာပြီ ဖြစ်သည့်အလျောက် ယခုလိုကိစ္စမျိုးနှင့် ရင်းနှီးနေပြီဖြစ်လေသည်။ ကုမ္ပဏီတွင် ဖြစ်လေ့ဖြစ်ထမရှိသော အရာမျိုးမဟုတ်ချေ။ ယခုကဲ့သို့ သဘောတူညီချက်များသည် လုပ်ငန်း၏နောက်ကွယ်မှ သတ်မှတ်ချက်များဟုပင် ဆိုနိုင်လေသည်။ မင်းသား၊ မင်းသမီးတို့သည် ၎င်းတို့၏ ကျော်ကြားမှုနှင့်ကျွမ်းကျင်မှုတို့ထက် သာလွန်သော ဇာတ်ကောင်နေရာများကို ရယူလိုပါက အချိတ်အဆက်များနှင့် နောက်ကွယ်မှ သဘောတူညီချက်များဖြင့် ရယူလေ့ရှိကြသည်။

သို့သော်လည်း လုလီရှင်း၏ ရှေ့တွင်မူ အသေးစိတ်မပြောရဲချေ။ အဖြေမပေးခင် ခေတ္တမျှစဉ်းစားကာ "တချို့အနုပညာရှင်တွေ အဲ့လိုမျိုးလုပ်တာတော့ ကြားဖူးပါတယ်။"ဟု ဖြေလိုက်သည်။

လုလီရှင်းသည် သေချာစွာစဉ်းစားပြီးနောက် "ကောင်းပြီလေ၊ ထပ်ပြီးတင်ပြစရာ မရှိတော့ဘူးဆိုရင် ပြန်ပြီးနားလို့ရပါပြီ။"

ချင်ယွဲ့လည်း ခေါင်းညိတ်ကာ ထွက်သွားလေတော့သည်။

တံခါးပိတ်သွားသောအခါ လုလီရှင်းနှင့် ကျီချင်းချင်းတို့သာကျန်ခဲ့၍ အခန်းသည် တိတ်ဆိတ်ငြိမ်သက်နေသည်။

လုလီရှင်းသည် ဆိုဖာပေါ်တွင်ထိုင်လျက် ဘေးတွင်ရှိသော ကျီချင်းချင်းဆီ လှည့်ကြည့်လိုက်သောအခါ မည်သည့်အချိန်က အိပ်ပျော်သွားမှန်းမသိသော ကျီချင်းချင်းကို တွေ့ရလေသည်။ "ထပါဦး။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now