Unicode
အခန်း(၂၈) - မဟုတ်ဘူး၊ ကိုယ် သေသွားပြီ (၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)လုလီရှင်းဟာ သူသည် အသက်နှစ်ဆယ်သာ ရှိသေးသည့်အချိန်မှာ လုမိသားစုလုပ်ငန်းများကို ထိန်းချုပ်ခဲ့သည်။ ထိုနှစ်တွေတစ်လျှောက်မှာ သူဟာ ပြဿနာ ကြီးကြီးမားမားရော သေးသေးငယ်ငယ်တွေကိုပါ ကျော်ဖြတ်နိုင်ခဲ့သည်။ စီးပွားရေးလုပ်ငန်းလောကဟာ စစ်မြေပြင်လိုပါပဲ။ သူသည် ရင်းနှီးဖော်ရွေမှု၊ အန္တရာယ်ပေးနိုင်သော၊ ကျေးဇူးကန်းတတ်သောလူများ၏ မျက်နှာဖုံးအောက်တွင် ဝှက်ထားသော မရေမတွက်နိုင်သည့် သစ္စာမရှိသော မြေခွေးအိုကြီးများနှင့်လည်း တွေ့ခဲ့ဖူးသည်။ ထိုလူများသည် သူက အသက်ငယ်ရွယ်သောကြောင့် လိမ်လည်လှည့်စားရ လွယ်ကူလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ငယ်စဥ်အခါက လုလီရှင်းသည် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်တွေ့ရသည့်အခါမှာလည်း မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းတွေ မဆုံးရှုံးခဲ့ပါ။
ထို့ကြောင့် သူသည် အမျိုးသမီးတစ်ဦး၏သားကောင်ဖြစ်ရမည့်နေ့ကို ရောက်ရှိလာလိမ့်မည်ဟု သူက ဘယ်တုန်းကမှ မထင်ခဲ့ပေ။
တစ်ညလုံး အလုပ်လုပ်တာက သူ့အတွက် ပုံမှန်ကိစ္စဖြစ်သည်။ ထို့နောက် သူသည် သူ့အားအင်ကို ပြန်လည်ဖြည့်တင်းရန်နှင့် အိပ်ရေးပျက်ခြင်းကို လျော့ချရန် နှစ်နာရီကြာ အနားယူသည်။ ပင်ပန်းနွမ်းနယ်သော ညတစ်ညပြီးနောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရန် လွယ်ကူပြီးတော့ သင့်ပတ်ဝန်းကျင်ကို သတိမပြုမိနိုင်ပါ။ ဒါက ကျီချင်းချင်း သူ့အခန်းထဲကိုဝင်ရောက်လာတာကို သူမကြားမိရသည့် အကြောင်းအရင်းပါပဲ။
နေ့တစ်နေ့ရဲ့အစဟာ အရမ်းကြည်နူးစရာကောင်းတဲ့ အစပါပဲ။ သူ နိုးတစ်ဝက် အိပ်တစ်ဝက် အိပ်ပျော်နေစဥ်မှာ သူမက သူ့မျက်နှာကို စောင်နှင့်ဖုံးလိုက်ပြီး သူသည် “ကွယ်လွန်အနိစ္စရောက်ရှိသွားသောလူတစ်ယောက်” ဖြစ်လာသည်။
သူသာ အချိန်မီမနိုးလာခဲ့ရင် သူမသည် သူ့ကို သယ်ဆောင်သွားပြီးတော့ မီးသဂြိုလ်လိုက်မည်လော။