Chapter-88

1.7K 192 1
                                    

Unicode

အခန်း (၈၈)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းသည် လွန်ခဲ့သော တစ်နာရီခန့်က ထျန်းယွီအင်တာတိန်းမန့်၏ မြေအောက်ကားပါကင်သို့ ရောက်ရှိလာပြီး ၁၈ထပ်သို့ တန်းသွားခဲ့သည်။ သူမသည် ကားရပ်နားသည့်နေရာမှ အစည်းအဝေးခန်းဆီသို့ တန်းတန်းမတ်မတ် သွားခဲ့တာ ဖြစ်၍ လူအနည်းငယ်သာ သူမကို မြင်တွေ့ခဲ့ရသည်။

လုလီရှင်းတစ်ယောက် ထျန်းယွီအင်တာတိန်းမန့်သို့ နှင်းဆီပန်းစည်းဖြင့် ရောက်လာသောအခါ၊ ဧည့်ကြိုစားပွဲမှ မိန်းကလေးတွေက သူ့အား သူ့အိုင်ဒေါကို မြင်တွေ့ရန် ကြိုးစားသည့် အခြားသောပရိတ်သတ်တစ်ဦးလို့သာ တွေးထင်ခဲ့ကြသည်။ ဒါ့ကြောင့် သူက ကျီချင်းချင်းအကြောင်းကို မေးတဲ့အခါ "မသိဘူး" လို့ ပေါ့ပေါ့ပါးပါး ပြန်ဖြေခဲ့ကြသည်။

သို့သော် သူမသည် နှင်းဆီပန်းစည်းကို တစ်ချက် လှမ်းကြည့်ပြီး လုလီရှင်းကို ကြည့်လိုက်မိသည်။

လုလီရှင်းရဲ့ မျက်နှာကို မြင်လိုက်ရတဲ့ မိန်းကလေးရဲ့ ပထမဆုံး အတွေးက ဒီလူက အရမ်းချောတာပဲ။

သို့သော်လည်း သူမသည် မကြာမီ သူမရဲ့ နေ့ခင်းဖက်အိမ်မက်မှ နိုးထလာပြီး သူမရှေ့တွင် ရပ်နေသည့်လူက မစ်စတာလု ဖြစ်နေသည်ကို သိလိုက်ရသည်။

ထိုမိန်းကလေးက ထိတ်လန့်စပြုလာသည်။ သူမက အမြန်ထရပ်လိုက်ပြီး၊ သူမရဲ့ လုပ်ရပ်ကြောင့် သူမစားပွဲပေါ်ရှိ ရေဖန်ခွက်ကို တိုက်မိသွားခဲ့သည်။ ဒါပေမယ့် သူမရဲ့ဘော့စ်ကို ကြိုဆိုနှုတ်ဆက်ဖို့ ပြင်ဆင်နေသည့်အတွက် ရေဖန်ခွက်ကို မဖမ်းလိုက်မိဘူး။ "မင်္ဂလာပါ... ဥက္ကဌလု"

"ကျီချင်းချင်း ဒီကို မလာဘူးလား။"

"သူမ ဒီကို မလာပါဘူး။ ကျွန်မ သူမကို မတွေ့မိဘူး။"

ထျန်းယွီအင်တာတိန်းမန့်ကို လုမိသားစုက ပိုင်ဆိုင်သော်လည်း လုလီရှင်းသည် အစုရှယ်ယာရှင်များနှင့် ကျင်းပလေ့ရှိသော အထွေထွေအစည်းအဝေးပွဲများ၊ ကုမ္ပဏီနှစ်ပတ်လည် အစည်းအဝေးများကို တက်ရောက်ရန်သာ လာရောက်‌လေ့ရှိသည်။ ထျန်းယွီအင်တာတိန်းမန့်ကို သူ အရမ်းမစွက်ဖက်ရသည့် အကြောင်းအရင်းကတော့ သူက အဓိက ကုမ္ပဏီကိစ္စနှင့် အရမ်းရှုပ်နေပြီး ဖျော်ဖြေရေးနယ်ပယ်နှင့်လည်း မကျွမ်းဝင်တာကြောင့်ပင်။ ထို့အပြင် ကုမ္ပဏီကို ချန်ရှုယီမှ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သောကြောင့် ဒီကုမ္ပဏီအတွက် သူ အများကြီး စိတ်ပူနေဖို့ မလိုအပ်ပေ။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now