Unicode
အခန်း(၄၃) - “လုလီရှင်း ရှင် လူဆိုးပဲ...” (၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)ကျီချင်းချင်းရဲ့ခန္ဓာကိုယ်ပေါ်မှ ကိုယ်သင်းရနံ့ဖျော့ဖျော့ဟာ ဖြေးဖြေးချင်း သူ့နှာခေါင်းထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ထိုရနံ့ဟာ သူ့ရဲ့ နေ့တိုင်းလိုလို တင်းမာနေသည့် သူ့အာရုံကြောများအား ဖြေးဖြေးချင်း ပြေလျော့သွားစေသည်။ စိတ်ဖိစီးမှုများ လျော့ကျသွားသဖြင့် လုလီရှင်းသည် သူ့ကိုယ်နေဟန်ထားကို ပိုသက်တောင့်သက်သာရှိမည့် အနေအထားသို့ပြောင်းလိုက်ပြီး သူ့မျက်လုံးများကို မှိတ်လိုက်သည်။
သူ အိပ်ချင်စပြုလာခဲ့သည်။
ဒီနေ့မှာတော့ သူ စောစောအိပ်ပျော်ကောင်းပြုနိုင်သည်။
စက္ကန့်အနည်းငယ်အကြာမှာတော့ နူးညံ့သည့်လက်မောင်းတစ်ဖက်ဟာ ဆန့်ထုတ်လာပြီး လုလီရှင်း၏ခါးကို ဖက်တွယ်လိုက်သည်။
ကျီချင်းချင်းသည် လက်ရှည်အင်္ကျီကို ဝတ်ဆင်ထားသော်လည်း ထိုအရာမှာ သူမ၏ဂနာမငြိမ်ခြင်းကြောင့် လိပ်တက်သွားခဲ့သည်။ ထို့ကြောင့် သူမ၏ပူနွေးနေသော လက်မောင်းလေးဟာ လုလီရှင်း၏အသားကို ထိတွေ့နေမိခဲ့သည်။ ကျီချင်းချင်းသည် သူမ အေးစက်နေသည့်အရာတစ်ခုခုကို ထိမိနေတယ်ဆိုတာကို ယဲ့ယဲ့လေး ခံစားမိခဲ့သည်။ ထိုအရာနှင့်ထိတွေ့နေရတာ အရမ်းသက်တောင့်သက်သာဖြစ်တယ်လို့ ခံစားမိသောကြောင့် သူမလက်ဖြင့်ပွတ်သပ်နေခဲ့ပြီး သူမလက်က အပေါ်ကိုတက်သွားခဲ့သည်။
လုလီရှင်းသည် သူ့၏ဝမ်းဗိုက်အောက်ပိုင်းမှ အပူများထွက်လာခဲ့သည်။ လုလီရှင်းသည် တိတ်တဆိတ် ညည်းညူလိုက်မိသည်။ သူ့ခေါင်းကိုငုံ့ကြည့်လိုက်တော့ ကျီချင်းချင်းရဲ့လက်ဟာ သူ့ညအိပ်ဝတ်အင်္ကျီရဲ့ အောက်ခြေကနေ အပေါ်အထိ ရောက်လာတာကို တွေ့လိုက်ရသည်။ သူမလက်ဟာ အပေါ်သို့ ဖြေးဖြေးချင်း.....
လုလီရှင်းသည် သူမ၏ဂနာမငြိမ်ဖြစ်နေသောလက်ကိုရပ်တန့်ရန် သူမလက်ကို ဖမ်းဆုပ်လိုက်သည်။ သူ့ရဲ့အသက်ရှူနှုန်းက ပြင်းထန်လာခဲ့သည်။ လုလီရှင်းဟာ တံတွေးမျိုချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် နားလည်ရခက်သည့်အပူက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားသောကြောင့်ပင် ဖြစ်သည်။