Chapter-6

3.8K 434 0
                                    

Unicode

အခန်း(၆) - သေဆုံးခါနီးသတိပေးချက် လာမည့်ငါးမိနစ်အတွင်း ‌ကျေးဇူးပြုပြီး ကျီချင်းချင်းကို ဇနီးလို့ခေါ်ပြီး သူမကို ခင်ဗျားကို ယောကျာ်းလို့ ခေါ်ခိုင်းပါ (၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

လုမိသားစုသည် သဘာဝလွန်ကိစ္စများကို ယုံကြည်သည့် အလေ့အထ မရှိခဲ့ပါ။ လုလီရှင်းသည် မဟာဘွဲ့ရပညာတတ်တစ်ဦးဖြစ်ပြီး ဤအသံက ကားမတော်တဆမှုကြောင့် သွေးလေခြောက်ခြားပြီး ထင်ယောင်ထင်မှားကြားနေရသည်ဟု ယုံကြည်မိလေသည်။

-- “မင်းခန္ဓာကိုယ်အဓိကအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေ တစ်ခုပြီးတစ်ခု ရပ်တန့်နေပြီ။ မင်းဇနီးကျီချင်းချင်းနဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမရှိရင် နောက်ဆယ်မိနစ်အတွင်းမှာ မင်းကိုယ်တွင်းအင်္ဂါတွေ ချို့ယွင်းလာတာကို တွေ့ရလိမ့်မယ်။ မင်းအတွက် သေခြင်းတရားက စောင့်ကြိုနေလိမ့်မယ်”

လုလီရှင်းက သူ့အခြေအနေကို သူကောင်းကောင်းနားလည်တယ်။ အခုတောင် သူ အသက်ရှုရခက်ခဲနေတယ်။ လုလီရှင်းသည် အန္တရာယ်များသောအခြေအနေတွင် ပိတ်မိနေပြီးတော့ ၎င်းအခြေအနေမှ ခြေတစ်လှမ်းတောင် မ‌ကျော်ဖြတ်နိုင်ခဲ့ဘူး။

သူ့မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သောအခါ စူးရှအလင်းရောင်ကြောင့် သူ မျက်လုံးကိုမှေးပြီးသာ ကြည့်နိုင်သည်။ သူ့အိပ်ရာဘေးမှာ ထိုင်နေသော အမျိုးသမီးးတစ်ယောက်ကို သူတွေ့လိုက်ရသည်။

ထိုအမျိုးသမီးသည် မည်သည့်မာယာမှမပါပဲ ဒီအတိုင်းလေးသာ ရှိနေသည်။ သူမ၏နက်မှောင်နေသော မျက်ဝန်းများသည် သူမ၏စိတ်လှုပ်ရှားနေသောစိတ်အခြေအနေကို ဖော်ပြနေသည်။

အမျိုးသမီး၏လက်က သူ့အိပ်ရာဘေးဖက်ကို ဆုပ်ကိုင်ထားသည်။ သူမ၏လက်သည် သူလက်ဆန့်ထုတ်နိုင်သည့် လက်တစ်ကမ်းအကွာတွင် ရှိသည်။

-- “သေဆုံးခါနီး သတိပေးချက်။ နောက်မိနစ်အတွင်းမှာ ကျေးဇူးပြုပြီး မင်းဇနီးကျီချင်းချင်းနဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု တစ်ခုခုလုပ်ပါ။ မဟုတ်ရင် ခင်ဗျားရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းလုပ်ဆောင်ချက်တွေ ကျဆင်းလာတာကို တွေ့ရပါလိမ့်မယ်”

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now