Chapter-184

992 102 1
                                    

အခန်း (၁၈၄)

ရိုက်ကွင်းတွင် ရိုက်ကူးရေးအား ဆက်လက်လုပ်ဆောင်ခဲ့သည်။

ဒီတစ်ကြိမ်တွင်တော့ အရာအားလုံးက ထူးထူးခြားခြား ချောချောမွေ့မွေ့ ပြီးသွားသည်။ ရှန်းဝေဝေတစ်ယောက် ဆန်ပြုတ်ပန်းကန်အား ကျီချင်းချင်း၏ ပါးစပ်နား တိုးလိုက်သောအခါ ဒါရိုက်တာကျိုးမှာ ဒီဆန်ပြုတ်အခန်းက ပြဿနာထပ်တက်ဦးမှာစိုးသောကြောင့် အသက်ပင်အောင့်ထားမိ၏။ ကံကောင်းစွာနှင့်ပင် ဒီတစ်ကြိမ်ကတော့ တစ်ခေါက်ထဲနှင့် ရိုက်ကူးပြီးစီးသွားသည်။ ကျီချင်းချင်းသည် ရှန်းဝေဝေအား တောအုပ်ထဲတွင် လက်တုံ့ပြန် သတ်ဖြတ်ခဲ့ပြီးနောက် ကျီချင်းချင်း၏ လေးနက်သော မျက်နှာအား ပြသရင်း ထိုအခန်းသည် ပြီးဆုံးသွားသည်။

"ကတ်။ ကောင်းတယ်။" ဒါရိုက်တာကျိုး၏ အပြုံးမှာ တောက်ပနေသည်။ "ချင်းချင်း မဆိုးဘူးပဲ။ ဆက်ကြိုးစားထား။ ပြီးတော့ ဝေဝေရောပဲ ဂုဏ်ယူပါတယ်။ မင်းရဲ့အခန်းတွေ အကုန် ရိုက်ကူးပြီးသွားပြီ။"

ကျီချင်းချင်းသည် သက်ပြင်းတစ်ချက်အား မှုတ်ထုတ်လိုက်ကာ သူမ၏တောင့်တင်းနေသော မျက်နှာအား ပွတ်လိုက်သည်။ "ကျေးဇူးပါ ဒါရိုက်တာကျိုး။ ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ရှန်းဝေဝေသည် မတ်တပ်ရပ်ကာ သူမပါးစပ်ထဲမှ သွေးတုများအား ထွေးထုတ်လိုက်ပြီး အလုပ်သမားတစ်ယောက်ဆီမှ လက်သုတ်ပဝါနှင့် ရေကိုယူကာ သူမကိုယ်သူမ သန့်ရှင်းလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျိုး။ ပြီးတော့ အားလုံးပဲ ဒီအတောအတွင်း ကူညီပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ ဒီည ညစာကို ကျွန်မ ဧည့်ခံပါရစေ။"

အကယ်၍ လွန်ခဲ့သော တစ်နာရီခွဲလောက်ကသာ ရှန်းဝေဝေတစ်ယောက် ဒီစကားမျိုး ပြောခဲ့ပါက သူမသည် သူမအပိုင်းအား ရိုက်ကူးပြီးဆုံးသွားသော်လည်း ပွဲကျင်းပဖို့ မထိုက်တန်သည့် ဇာတ်ရံလေးသာဖြစ်၍ လူအနည်းစုကသာ သူမအား တုံ့ပြန်ပေးမည်ဖြစ်သည်။

ဒါပေမယ့် အခုတော့ အခြေအနေက ကွာခြားသွားပြီ။

ရှန်းဝေဝေက လုလီထင်းရဲ့ ကောင်မလေးဖြစ်ပြီး လုလီထင်းက လုလီရှင်းရဲ့ ညီအရင်းဆိုတာ အကုန်သိနေကြပြီဖြစ်သည်။ လုလီထင်းတစ်ယောက် ရှန်းဝေဝေအား လာကြိုသည့်ပုံစံကိုကြည့်ခြင်းဖြင့် သူတို့မှာ အပျော်တွဲနေတာ မဟုတ်ဘဲ အတည်ဖြစ်ကြောင်း ပြောနိုင်ပေသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now