Unicode
အခန်း(၃၄) - ဘဝက သူ့အတွက် တကယ့်ကို သက်ညှာမှုမရှိတဲ့အရာပဲ (၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)ဝတ္ထုဇာတ်လမ်းထဲ၌ ရှန်းဝေဝေသည် အပြစ်အနာအဆာမရှိသော နတ်ဘုရားမတစ်ပါးအဖြစ် ဂုဏ်သတင်းကို ရရှိနိုင်ခဲ့သည်။
ကျီချင်းချင်းသည် စာရေးသူ၏ ရှန်းဝေဝေရဲ့အကြောင်းအား ဖော်ပြချက်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူမသည် ရွှံ့နွံ့အိုင်၌ ပွင့်လန်းသော လတ်ဆတ်သန့်စင်တဲ့ကြာပန်းအသွင် ဖော်ပြခဲ့သည်။ သူမဟာ ဖျော်ဖြေရေးလောကမှာ ထင်ထင်ရှားရှားတောက်ပပြီး လှပတဲ့ပုံရိပ်လေး ဖြစ်ခဲ့သည်။ ဝတ္ထုဇာတ်လမ်းထဲ၌ သူမနှင့်အတူတွဲ၍ အလုပ်လုပ်ကိုင်ခဲ့သော ဒါရိုက်တာများနှင့် သရုပ်ဆောင်များစွာသည် သူမသည် ပြောဆိုဆက်ဆံရ သက်တောင့်သက်သာအရှိဆုံး အမျိုးသမီး သရုပ်ဆောင်အဖြစ် ရည်ညွှန်းကြသည်။ သူတို့က ရှန်းဝေဝေထက် သန့်ရှင်းစင်ကြယ်သူမရှိဘူးဟုပင် ပြောခဲ့ကြသည်။
ရှန်းဝေဝေသည် ဖျော်ဖြေရေးနယ်ပယ်၌ ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ဦးအဖြစ် ထုတ်ဖော်ခံရပြီးနောက် ဆုပေးပွဲအခမ်းအနားမတိုင်မီ သူမက လန်းဆန်းသန့်ရှင်းသော မင်းသမီးတစ်ယောက်အဖြစ် အမြဲလျှောက်လှမ်းခဲ့သည်။ ဆုပေးပွဲအခမ်းအနားတွင် သူမသည် အလွန်ဆွဲဆောင်မှုရှိသော အနီရောင်ကျောဗြောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူမသည် ဆုပေးပွဲအခမ်းအနားတွင် ဓာတ်ပုံဆရာများ၏ စွဲလန်းနှစ်သက်သောသူဖြစ်လာပြီးတော့ ဝေ့ပေါ်ပေါ်ရှိ ရှာဖွေမှုရလဒ်များတွင် ရေပန်းစားသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ သူမ၏ကျော်ကြားမှုသည် နောက်ထပ်အဆင့်တစ်ခုသို့ တက်သွားခဲ့သည်။
ထိုဆုပေးပွဲအပြီးတွင် ရှန်းဝေဝေသည် နေပယ်တိုင်း၌ ထူးချွန်ထက်မြက်သည်ကို လူတွေက ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် လုံးဝဆန့်ကျင်ဖက် ဖြူစင်ပြီးကြင်နာတတ်သောပုံရိပ်နှင့် ချစ်စိတ်ပြင်းပြစေပြီးကလူမြူစွယ်နိုင်သောပုံရိပ် ထိုပုံရိပ်နှစ်ခုကို ဖော်ပြနိုင်သည်။ ရှန်းဝေဝေသည် ကြာပန်းဖြူလေးအသွင်သရုပ်အဖြစ်သာ သရုပ်ဆောင်နိုင်သည်ဟု ပြောသောသူများအား တိုက်ရိုက် မျက်နှာဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/279714628-288-k885403.jpg)