Chapter-23

3.3K 418 0
                                    

Unicode

အခန်း(၂၃) - ဒီလိုပြောပြီးတဲ့နောက်မှာ ကျီချင်းချင်းက လုလီရှင်းရဲ့ ခန္ဓာကိုယ်ကို ဖုံးထားတဲ့စောင်ကို အပေါ်သို့ ဖြည်းဖြည်းချင်းဆွဲတင်ရင်း သူ့မျက်နှာကို ဖုံးအုပ်ပေးလိုက်သည် (၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

တံခါးနောက်မှ ခိုးနားထောင်နေသော လုလီထင်သည် စိတ်ရှုပ်ထွေးသွားခဲ့မိသည်။

ကျီချင်းချင်းက သူ့ရှေ့တွင် ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်သခင်လေး၏ကားပေါ်သို့ တက်သွားသောအခါက သူမအပေါ် ထားခဲ့သော တစ်ခုတည်းသော ခံစားချက်မှာ မုန်းတီးမှုပင် ဖြစ်လိမ့်မည် သူထင်ခဲ့သည်။ သူသည်လည်း ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်သခင်လေးတစ်ယောက်ဖြစ်သဖြင့် ထိုလူ၏ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ ထိုအချိန်တုန်းက သူက ကျီချင်းချင်းကို နောက်မှ ‌နောင်တရမည့်ဆုံးဖြတ်ချက်ကို မချရန် ပြတ်ပြတ်သားသား သတိပေးပြောဆိုခဲ့သည်။

ဒီအမျိုးသမီးက သူဆင်းရဲတာကို မထီမဲ့မြင်ပြုပြီး ချမ်းသာသူများကို မျက်နှာသာပေးခဲ့သည်။ ငွေကြေးကသာ သူမအတွက် အရာရာ ဖြစ်ခဲ့သည်။ သူမသည် သူ့ရဲ့ရိုးသားသော စိတ်ခံစားချက်များကို အမှိုက်ကဲ့သို့ သဘောထားခဲ့သည်။ သူမလိုချင်တာရဖို့ ဘယ်လိုလုပ်ပြီး ခွင့်ပြုလိုက်နိုင်မှာလဲ။

သူမသည် ဘာနှင့်မျှ မထိုက်တန်ပဲ သင်ခန်းစာတစ်ခု သင်ပေးရန် လိုအပ်နေသည်။

လုလီထင်သည် အောင်မြင်မှုနှင့် အသိအမှတ်ပြုခံရမည့်နေ့များကို မရေမတွက်နိုင်စွာ စိတ်ကူးယဥ်ခဲ့သည်။ ထိုနေ့၌ သူသည် ကျီချင်းချင်း၏ ဝမ်းနည်းဖွယ်မျက်နှာကို မြင်တွေ့ရပေလိမ့်မည်။ ကျီချင်းချင်းဟာ သူမမှားခဲ့တာကို ဝန်ခံလိမ့်မယ်။ သို့သော် သူက သူ့လက်မောင်းထဲမှာ ချစ်သူကောင်မလေးကို ပွေ့ဖက်ထားပြီးတော့ ကျီချင်းချင်းအား အခြားတစ်ယောက်နှင့်ရှုပ်ခဲ့သည့်ကိစ္စကို မတူမတန်သလို ပြန်ပြောရလိမ့်မည်။ သူ သူမကို နားမလည်ခဲ့ဘူး။

ထိုနေ့အတွက် သူက တစ်သက်လုံးအတွက် အလုပ်ကိုကြိုးကြိုးစားစား လုပ်ကိုင်ခဲ့သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now