Unicode
အခန်း (၁၂၁)
ဒါက မဖြစ်နိုင်ဘူးမလား။
သူမလိုမျိုး အားနည်းတဲ့သူတစ်ယောက်က လုလီရှင်းလို သန်မာတဲ့သူတစ်ယောက်ကို ဘယ်လိုလုပ်ခဲ့တာပါလိမ့်။
သွားရာထင်ကျန်စေနိုင်မယ့်သူတွေအားလုံးကို စဉ်းစားပြီးသည့်အခါမှာတော့ ကျီချင်းချင်းတစ်ယောက် နှလုံးခုန်မြန်လာခဲ့သည်။ သူမသည် မျက်မှောင်ကြုံ့၍ နှဖူးကို လက်နှစ်ဖက်လုံးဖြင့် နှိပ်နယ်နေလေသည်။ အလွန်အကျွံသောက်စားမိပြီးသည့်နောက် နာကျင်နေသော သူမ၏ ခန္ဓာကိုယ်တွင် အားအင်ဟူ၍ မကျန်ရှိတော့ချေ။ သို့သော်လည်း သူမသည် သူ့ကို ဆက်လက်၍ ငေးကြည့်နေခဲ့သည်။ သူမသည် အနူးအညွန့်တောင်းပန်လျက် "ကျွန်မတောင်းပန်ပါတယ် သောက်တာ တော်တော်လေးများသွားတယ် ကျွန်မပြောခဲ့တာတွေ လုပ်ခဲ့တာတွေ မမှတ်မိတော့ဘူး။"
"မင်း မမှတ်မိဘူးလား။"
ကျီချင်းချင်းသည် ပြုံးလျက် "ကျွန်မ တကယ်မမှတ်မိတော့တာပါ"
သောက်စားပြီးနောက် မူးဝေသွားခဲ့သော သူမသည် မည်သည့်အရာကိုမျှမှတ်မိနိုင်မည် မဟုတ်ပါ။
လုလီရှင်းသည် သူ့နှာခမ်းထောင့်ကို ပြလျက် "ဒီအနာ ဘယ်လိုရလာတာလဲဆိုတာ သိလား။"
ကျီချင်းချင်းသည် သူ၏မျက်လုံးများကို ရင်ဆိုင်ရန် သတ္တိမရှိတော့ချေ။ "ကျွန်မကြောင့်များလား"
"ဟုတ်တယ် မင်းက ဒဏ်ရာရအောင် လုပ်ခဲ့တာပဲ"
"..."
သူမ ငိုချင်လာခဲ့လေသည်။
"အဲ့ဒဏ်ရာအတွက် ကျွန်မကို ပြန်ကိုက်ချင်သေးလား။"
"မင်းကို ပြန်ကိုက်ရမယ်၊ ဟုတ်လား။" လုလီရှင်းသည် သူမနားသို့ ချဉ်းကပ်လျက် "မင်း ကိုယ့်ကို ကိုက်ခဲ့လို့ ကိုယ်က မင်းကို ပြန်ကိုက်ရမယ်တဲ့လား။"
ကျီချင်းချင်းသည် ပါးစပ်ပိတ်လျက် ခေါင်းငိုက်စိုက်ကျသွားလေသည်။
လုလီရှင်းသည် သူမမူးနေစဉ်က လုပ်ရပ်အတွက် ဗွေမယူခဲ့ချေ။ "မေ့လိုက်ပါတော့။ နောက်တစ်ခါ မင်းဒီလောက် မသောက်ရတော့ဘူးဆိုတာသာ မှတ်ထားတော့။"