Chapter-142

901 84 1
                                    

အခန်း (၁၄၂)

"မိန်းကလေးကျီ၊ မနေ့ကပဲ ရောက်လာတယ်လို့ ဒါရိုက်တာဆီကကြားတယ်။"

"ဟုတ်တယ်၊ မနေ့က ညနေ ၆ နာရီလောက် ဟိုတယ်ကို ရောက်တာလေ။ နောက်ကျနေပြီမို့လို့ အဖွဲ့သားတွေဆီ မလာလိုက်တော့တာ။"

"မစ်စတာလုလည်း မနေ့က အတူတူပဲ ရောက်လာတာလား၊ ဆရာက အလုပ်အရမ်းလုပ်တဲ့သူလို့ ကြားထားတယ်၊ အလုပ်တွေထားပစ်ခဲ့ပြီး ဒီကိုလိုက်လာမယ်လို့တောင် မထင်ထားဘူး။"

ကျီချင်းချင်းသည် တူနှင့်ငါးဖတ်ကိုကိုင်လိုက်ကာ ပြန်ဖြေလိုက်သည်။ "သူက ဒီကို အပန်းဖြေဖို့ ရောက်လာတာလေ။"

"အပန်းဖြေဖို့လား။"

သူမ၏ အဖြေကိုကြားသောအခါ ချီကျင်းယွမ်းနှင့် ကျန်းစုတို့သည် တောင့်တင်းကုန်ကြသည်။

ဘယ်လိုဖြစ်ပြီး ဒီလိုနေရာလေးကို အပန်းဖြေလာရတာလဲ။ ဤနေရာတွင် ကြယ်ငါးလုံးဟိုတယ်ပင် မရှိချေ။

ဤကဲ့သို့သော သေးငယ်သည့်နေရာကို အပန်းဖြေခရီးထွက်သည် ဆိုသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်လေသည်။

"ရှင် ဘာဖြစ်လို့ မစားတာလဲ။" ကျီချင်းချင်းသည် လုလီရှင်းကို ကြည့်လျက် သူ့ပန်းကန်လုံးထဲသို့ ငါးတစ်ဖတ်ထည့်ပေးရင်း မေးလိုက်သည်။

ချီကျင်းယွမ်းမှာ အနုပညာနယ်ပယ်တွင် လုပ်သက်ကြာနေပြီဖြစ်သည့်အလျောက် လူများအား အကဲခတ်ရာတွင် ကျွမ်းကျင်လှလေသည်။ လုလီရှင်း၏ ပန်းကန်ထဲသို့ အသီးအရွက်နှင့်အသားများ ထည့်ပေးလိုက်သော ကျီချင်းချင်း၏ အပြုအမူသည် ကျွမ်းကျင်လှ၍ သဘာဝဆန်လှပေကြောင်း သတိပြု‌မိလေသည်။ တစ်ခါ နှစ်ခါလုပ်ဖူးရုံမျှဖြင့် ကျွမ်းကျင်နိုင်သောအရာမဟုတ်ပေ။

သူတို့နှစ်ယောက် အတူရှိနေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်း စဉ်းစားနေမိလေသည်။

"ဪ၊ မေ့တော့မလို့၊ အဖိုး မနက်က ဖုန်းခေါ်သေးတယ်၊ အဖိုးက ကျွန်မကို ဘာဖြစ်လို့ ဖုန်းခေါ်လို့မရတာလဲ မေးတာနဲ့ပဲ အစ်ကိုချင်ယွဲ့ရဲ့ဖုန်းနံပါတ်ပေးလိုက်တယ်၊ အဖိုး ရှင့်ဆီကိုရော ခေါ်သေးလား။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now