Unicode
အခန်း (၁၀၈)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)သူမ ပြန်ဖြေပြီးနောက် ဖုန်းကို တစ်ဖက်သို့ ပစ်ချကာ ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။ သူမ ရေချိုးခန်းထဲက ထွက်လာပြီးနောက် သူ စာပြန်ပို့ထားလား မပို့ထားဘူးလား ဆိုတာကို စစ်ကြည့်နေချိန်တွင် လုလီရှင်းက ရုတ်တရတ် အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
"မင်း အခု သက်သာလာပြီလား။"
ကျီချင်းချင်း လုလီရှင်းတစ်ယောက် အခန်းထဲကို ရုတ်တရတ် ဝင်ရောက်လာတော့ ပျာယာခတ်သွားသည်။ ကားထဲတွင် သူမတို့နှစ်ယောက်အကြား ရင်းနှီးသော အပြုအမူများကို သတိရတော့ သူမ ရှက်သွေးဖြာသွားကာ "ကျွန်မ ပိုသက်သာလာသလို ခံစားရတယ်။"
"တော်သေးတယ်။ ကိုယ် မင်းနဲ့ ဆွေးနွေးချင်တာ တစ်ခု ရှိတယ်။"
လုလီရှင်းသည် သူ ဝတ်ဆင်ထားသည့် ဝတ်စုံကို ချွတ်လိုက်တော့ အောက်ခံ အဖြူရောင်ရှပ်အင်္ကျီဟာ သိသာပေါ်လွင်လာခဲ့သည်။ သူ့ရဲ့ ရှပ်အင်္ကျီလည်ပင်းပေါ်တွင် နက်ကတိုင်ကို သပ်သပ်ရပ်ရပ် ချည်နှောင်ထားပြီး သူ့ခြေထောက်တွေကို ပိုပေါ်လွင်စေတဲ့ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကာ နေရာ၌ ရပ်နေလျှင်ပင် သူ့ထံမှ အကြည့်မခွာနိုင်အောင် ဆွဲဆောင်မှုရှိလှသည်။
"ဘာကိစ္စရှိလို့လဲ။"
"အဖိုးက ကိုယ့်ကို မင်းမိဘတွေနဲ့ ဘယ်အချိန်လောက် တွေ့လို့ရမလဲလို့ မင်းနဲ့ ဆွေးနွေးခိုင်းလိုက်တယ်။" လုလီရှင်းက ခေတ္တရပ်ပြီးနောက် "မင်းတို့ ဖျော်ဖြေရေးနယ်ပယ်က လူတွေက သူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေကို ထုတ်ဖော်တာကို မကြိုက်ဘူးဆိုတာ ကိုယ် သိပါတယ်၊ ကိုယ်တို့ အိမ်ထောင်ရေးကို မင်း ထုတ်ဖော်ဖို့ ဆန္ဒမရှိရင် ကိုယ်တို့ နောက်မှ ကိုယ်တို့အိမ်ထောင်ရေးကို ထုတ်ဖော်ပြောဆိုကြတာပေါ့။"
"ကျွန်မမိဘတွေနဲ့ တွေ့ဖို့လား။ အိမ်ထောင်ရေးလား။ ဘာဖြစ်လို့ သိပ်မကြာခင်မှာလဲ။"
လုလီရှင်းသည် သူမကို လေးလေးနက်နက် ကြည့်ကာ "မင်း ဆန္ဒမရှိဘူးလား" လို့ မေးလိုက်သည်။