အခန်း (၁၉၀)
"ချင်းချင်း ဒီနေ့ရိုက်ကူးရမှာ မနေ့ထက် ဇာတ်ဝင်ခန်း တော်တော်လေးများတယ်။ မင်းတကယ်လို့ မလုပ်နိုင်တော့ရင် ငါ့ကိုပြောနော်။ မလုပ်နိုင်တာကို အတင်းမလုပ်နဲ့။ ငါတို့က အရည်အသွေးကို တန်ဖိုးထားတာ အရေအတွက်ကို မဟုတ်ဘူး။"
"သိပါပြီ။"
ဒီနေ့အတွက် ရိုက်ကူးရေး အချိန်ဇယားမှာ ပြည့်ကြပ်နေသည်။ ကျီချင်းချင်းမှာ ရေသောက်ရန်ပင် အချိန်မရှိပေ။ တစ်မနက်လုံး တစ်ခြားသရုပ်ဆောင်တွေနဲ့ အစမ်းလေ့ကျင့်ရင်း ဒါရိုက်တာကျိုး၏ ထောက်ပြပြောဆိုသည်များကို နားထောင်ပြင်ဆင်နေကြ၏။ တစ်နာရီလောက်တွင် ကျီချင်းချင်း၏ ဖုန်းအားကိုင်ထားသော ဝမ်ရို့သည် လုလီရှင်းထံမှ video call အား လက်ခံရရှိလိုက်သည်။
"ဥက္ကဌလု အစ်မချင်းချင်းက ရိုက်ကူးရေးလုပ်နေတာ။ သူမမှာ ပြောဖို့အချိန်မရှိမှာ စိုးမိတယ်..." ဝမ်ရို့သည် တုန့်ဆိုင်းစွာ ပြောလိုက်သည်။
"အနောက်ကင်မရာ နဲ့ သူမ ဘယ်လိုရိုက်ကူးရေး လုပ်နေလဲ ငါ့ကိုပြပေး။"
ဝမ်ရို့သည် အနောက်ကင်မရာသို့ ပြောင်းလိုက်ကာ ရိုက်ကူးရေး လုပ်နေသော ကျီချင်းချင်းအား ချိန်လိုက်သည်။
"နားထောင်၊ မင်းလုပ်ရမှာက သူ့ကို တစ်ချိန်လုံး လိုက်ရိုက်နေဖို့ပဲ။ မင်းကောင်းကောင်းလုပ်ရင် ငါလစာတိုးပေးမယ်။"
လက်ထောက်လေး ဝမ်ရို့မှာ 'လစာတိုး' ဆိုသည့် စကားလုံးအား ကြားလိုက်ရလျှင် စိတ်အားတက်ကြွသွားသည်။ "ကျေးဇူးတင်ပါတယ် ဥက္ကဌလု။ စိတ်ချပါ ကျွန်မ အစ်မချင်းချင်းကို ကင်မရာထဲက လုံးဝမထွက်သွားစေရဘူး။"
လုလီရှင်း ခေါင်းငြိမ့်လိုက်သည်။ ကျီချင်းချင်းသည် ဒါရိုက်တာကျိုးနှင့် ဆွေးနွေးနေသေးသည်ကိုမြင်လျှင် သူလည်း သူ့အလုပ်ပုံထဲ ခေါင်းပြန်နှစ်လိုက်၏။
ချန်ကျင်းသည် တင်ပြချက်ဖိုင်တစ်ခု ပေးရန် ရုံးခန်းထဲဝင်လာခဲ့သည်။ "ဥက္ကဌလု ဆရာတောင်းထားတဲ့ တင်ပြချက်ပါ။"
"အင်း၊ ထားခဲ့လိုက် မင်းသွားလို့ရပြီ။"
ကျီချင်းချင်း၏ အသံသည် ဖုန်း၏ တခြားတစ်ဖက်မှ ထွက်ပေါ်လာ၏။ "ဝမ်ရို့ နင်ဘာလုပ်နေတာလဲ။"