Chapter-151

936 85 1
                                    

အခန်း (၁၅၁)

"ကိုယ်တို့က လင်မယားတွေလေ"

"အဲ့ဒီတော့"

"မင်းကကိုယ့်ကို 'ခင်ပွန်း'လို့ ခေါ်တော့ ကိုယ်ကလည်း မင်းကို ဘာဖြစ်လို့ ပြန်မခေါ်နိုင်ရမှာလဲ။"

ကျီချင်းချင်း အရှုံးပေးလိုက်ရသည်။

"ပြီးတော့ ခုကစပြီး ကိုယ် မင်းကို အဲ့လိုပဲ ခေါ်တော့မယ်။"

"..." ကျီချင်းချင်းသည် တွေးနေမိသည်။ သူ့ကို 'ခင်ပွန်း'ဟု ခေါ်စေချင်သောရောဂါအပြင် ယခုအခါ အခြားသူများအား 'ဘေဘီ'ဟု ခေါ်လိုသောရောဂါပါ စွဲကပ်လာလေပြီ။

ကျီချင်းချင်းသည် ခေါင်းခါလိုက်သည်။

"ရှင် တကယ် စိတ်ပါလို့မဟုတ်ဘူးပေါ့။"

"အင်း"

လုလီရှင်းသည် မတုန်မလှုပ် ပြောလိုက်သည်။ "အမှန်အတိုင်းပြောရရင် အဖိုးကလည်း ကိုယ်တို့ကို သံသယဝင်နေပြီ။"

ကျီချင်းချင်းလည်း လန့်သွားလျက် မေးလိုက်သည်။ "ဘယ်တုန်းကတည်းကလဲ။"

"လွန်ခဲ့တဲ့ နှစ်ရက်ကတည်းကပဲ၊ မဟုတ်ဘူးဆို ကိုယ်ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာမှာလဲ။" လုလီရှင်းသည် သူမအား အဓိပ္ပာယ်ပါပါကြည့်လျက် လိမ်နေလေသည်။ "ကိုယ်တို့ အရင်က သဘောတူညီချက်ကို မမေ့သေးဘူးမလား၊ အဖိုးရဲ့ ကျန်ရှိနေသေးတဲ့သက်တမ်းမှာ ပျော်ပျော်ရွှင်ရွှင် သက်သက်သာသာ ထားပေးမယ်ဆိုတဲ့အကြောင်းလေ။"

"...မှတ်မိပါတယ်၊ ဒါပေမဲ့ အဲ့ဒါနဲ့ပဲ ရှင် အဲ့လိုခေါ်ဖို့ လိုအပ်လို့လား..."

လုလီရှင်းသည် ကျိုးကြောင်းဆီလျော်မှုရှိသော အလိမ်အညာကို အပြင်းအထန်စဉ်းစားနေလေသည်။ ကျီချင်းချင်း သံသယမဝင်စေရန်အတွက် ဟာကွက်မရှိရန် လိုအပ်ပေသည်။

"လိုတယ်လေ၊ မနက်ဖြန်ကျရင် ချင်ဟောက် လာမယ်ပြောတယ်၊ အဖိုးက ကိုယ်တို့နှစ်ယောက်ကို စူးစမ်းဖို့အတွက် လွှတ်လိုက်တာ၊ အဲ့ဒါကြောင့် ကိုယ်မင်းနဲ့ကြိုပြီး လေ့ကျင့်ထားတာ၊ သူ့ကို အဖိုးကိုယ်တိုင် လေ့ကျင့်ပေးထားတာ၊ အဲ့ဒါကြောင့် သူ့ရှေ့မှာ ကိုယ်တို့အကြောင်း ပေါ်မသွားစေနဲ့။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now