Chapter-51

2.4K 267 4
                                    

Unicode

အခန်း(၅၁) – “သင့်ချစ်ဇနီးအပေါ် ချစ်မြတ်နိုးသည့် အပြုအမူများ ပြုလုပ်ရန် ကျွန်ုပ်နှင့် အတူပူးပေါင်းပါဝင်ပေးပါ။ သင့်ကို ခင်ပွန်းလို့ခေါ်ဆိုစေဖို့ အစပြုလုပ်ဆောင်ရန် အမှတ်ရပါ။” (၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

“ကျွန်တော်က ခင်ဗျားအတွက် သချိုင်းရွေးပေးတယ်လား။” အချိန်အတော်ကြာအထိ မစ်စတာဝမ်သည် တစ်ဖက်လူအား ပြန်လည်ဖြေကြားဖို့ မေ့လျော့နေခဲ့သည်။

“လီရှင်း သချိုင်းရွေးဖို့အကြောင်း နောက်မှပြောကြ‌မယ်လေ။ မင်း အခုမှ ဆေးရုံကပြန်ရောက်တာ။ ဒီအကြောင်းကို နားထောင်နေရတာ ကံဆိုးစေတယ်!” ဒီအကြောင်းကို သေခြင်းတရားနှင့် တစ်ခါကြုံတွေ့ရခဲ့ဖူးသူ လုလီရှင်းအား ဖုံးကွယ်နေစရာမလိုပါ။ သူ့အဖိုးအား တဲ့တိုးပြောလိုက်သည်။ “အဖိုး အယူသီးနေစရာ မလိုပါဘူး။ သေခြားတရားက ဘဝရဲ့သာမန်အစိတ်အပိုင်းတစ်ခုပါပဲ။ တစ်ချိန်ချိန်မှာတော့ လူဆိုတာ သေရမှာပါပဲ။ ကျွန်တော့်နာရေးကို ကိုယ်တိုင်‌စီစဉ်ဖို့‌ အချိန်စောမနေပါဘူး။” ဟု လုလီရှင်းက ပြောလိုက်သည်။

တစ်ဖက်မှ မစ်စတာဝမ်သည် ထိုစကားဝိုင်းအား  နားထောင်နေခဲ့သည်။ သူ စကားဆက်‌မပြောရဲတော့ပါ။ သူ အရာအားလုံးကို သိသွားခဲ့ပြီး သူ့ရဲ့စကားမဆင်ခြင်မှုကို နားလည်သွားခဲ့သည်။ သေခါနီးလူမမာဖြစ်တဲ့ လုလီရှင်းက ပြန်လည်သက်သာလာခဲ့ပြီဖြစ်သောကြောင့် သင်္ချိုင်းမြေနေရာကို ဘာ့ကြောင့် လိုအပ်နေဦးမှာလဲ။ သူက သင်္ချိုင်းမြေနေရာများကို စိတ်ပါလက်ပါ အကြံပြုခြင်းဖြင့် ဖြစ်နိုင်သမျှ ဆိုးရွားအောင် လုပ်ဆောင်နေမိတာပဲ။ မိနစ်အနည်းငယ်အတွင်း ဒီနေရာကနေ ကန်ထုတ်ခံရတော့မည်ဟု မစ်စတာဝမ်က ခန့်မှန်းနေခဲ့သည်။

“ဖန်လုံထိုက်သင်္ချိုင်းမြေနေရာကို ယူလိုက်မယ်”

မစ်စတာဝမ်က ခေါင်းကို ထပ်ခါတလဲလဲ ညိတ်လိုက်ပြီး လီလုရှင်းကိုင်ထားခဲ့သောစာရွက်ကို ပြန်ယူလိုက်သည်။

“ကောင်း...ကောင်းပါပြီခင်ဗျ။ ကျွန်တော်ရုံးကိုပြန်ပြီး မင်းအတွက် စာချုပ်ကို အခုချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်။”

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Onde histórias criam vida. Descubra agora