Unicode
အခန်း (၅၈) - အနှစ်သုံးဆယ်ကြာ စင်ဂယ်ခွေးတစ်ကောင် ဖြစ်နေသည့် လုလီရှင်းသည် အဓိပ္ပါယ်နှစ်မျိုးထွက်သည့် ဆိုလိုရင်းကို နားလည်ရန် လုံးဝရှုံးနိမ့်သွားသည် (၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)အန်တီဖေးသည် ကျီချင်းချင်းအား လက်သုတ်ပဝါတစ်ထည်ကို အပြေးအလွှား သွားယူပေးပြီး ကျီချင်းချင်းရဲ့ နောက်ကျောကို ပုတ်ပေးရန် လုလီရှင်းအား မျက်နှာရိပ် မျက်နှာကဲဖြင့် အချက်ပြလိုက်သည်။
လုလီရှင်းက သူ့လက်ကိုမြှောက်ပြီး သူမနောက်ကျောကို ဖြေးဖြေးလေး ပုတ်ပေးလိုက်သည်။ “မင်း သက်သာလာရဲ့လား။”
ကျီချင်းချင်းသည် အပြင်းအထန် ချောင်းဆိုးပြီးနောက်မှာတော့ တဖြေးဖြေး သက်သာလာခဲ့သည်။ သူမ သက်ပြင်းချပြီး ပြောလိုက်သည်။ “ကောင်းလာပါပြီ။”
ထိုသို့ပြောပြီးနောက် သူမသည် လုလီရှင်းကို စိုက်ကြည့်လိုက်သည်။ ဒီလိုမျိုး ရိုမန့်တစ်ဆန်တဲ့ ချစ်ခြင်းမေတ္တာမျိုးကို ပြသနိုင်တဲ့ သူ့လိုမျိုး ဒီကမ္ဘာပေါ်မှာ ရှိနိုင်ပါဦးမလား။ သူမ ဟင်းချိုနင်ပြီး သေလုနီးပါးဖြစ်သွားခဲ့ရသည်။
“ဟုတ်ပြီ စားကြရအောင်။” အကြီးအကဲလုက သူ့မြေးကို တစ်ချက်ကြည့်လိုက်သည်။ “အရမ်း အကျည်းတန်တာပဲ။”
ဝမ်းသာအားရစွာ မျှော်လင့်အပြည့်ဖြင့် ကြည့်နေသော အန်တီဖေးက ကျီချင်းချင်းကို ပြုံးကြည့်နေခဲ့သည်။ သူမသည် လုလီရှင်းဘေးနားတွင် ထိုင်နေသော ကျီချင်းချင်းကို ကြည့်ရင်း အကျိုးအကြောင်း မရှင်းပြတတ်သည့် ခံစားချက်မျိုးကို ခံစားနေမိသည်။
“သခင်မလေး မင်းအတွက် သခင်လေးရဲ့အခန်းထဲမှာ စီစဥ်ပေးထားတယ်။ မိန်းကလေးတစ်ယောက်မှာ သေချာပေါက် အဝတ်အစား အများကြီး ရှိမှာဖြစ်သည့်အတွက် အဝတ်ဗီရိုကို ကျယ်ကျယ်ဝန်းဝန်းလေး လုပ်ပေးထားပါတယ်။ သခင်လေးရဲ့ မလိုအပ်တဲ့ပစ္စည်းတွေ ဖယ်ထုတ်လိုက်တော့ သခင်မလေးအတွက် အဝတ်လဲခန်းနေရာတစ်ခု ရရှိသွားတယ်။”
“ကျေးဇူးတင်ပါတယ် အန်တီဖေး”
“ရပါတယ်ကွယ်”