Chapter-128

1.1K 98 1
                                    

Unicode

အခန်း (၁၂၈)

"ကြည့်ရတာ မြို့တော် Yမှာ အရေးကြီးကိစ္စတစ်ခုရှိလို့ထင်တယ်။"

"အိုး... ငါ ဒီကုမ္ပဏီမှာ အလုပ်လုပ်လာတာ သုံးနှစ်ရှိပြီ။ ဒီသုံးနှစ်အတွင်းမှာ ဥက္ကဌလုတစ်ယောက် တရုတ်နှစ်သစ်ကူးကလွဲပြီး တခြားရက်တွေမှာ နားရက်ယူတာမျိုး မတွေ့ဖူးသေးဘူး။ အခု ဘာအရေးကြီးကိစ္စရှိလို့လဲ မသိပါဘူး။"

"ငါဆို ဒီကုမ္ပဏီမှာ အလုပ်လုပ်တာ ခြောက်နှစ်ကျော်ပြီ။ ဥက္ကဌလုတစ်ယောက် ခွင့်ယူတာ တစ်ခါမှ မတွေ့ဖူးသေးဘူး။"

"ဘာဖြစ်လို့ နားရက်ယူသွားတာလဲ ဆိုတာကို သိလား။"

"မသိဘူးလေ။"

"..."

လေဆိပ်သို့သွားနေစဉ်အတွင်း လုလီရှင်းသည် အဖိုးလုအား ‌ဖုန်းခေါ်ကာ မြို့တော်Yသို့ သွားနေကြောင်းပြောပြသည်။ အဖိုးလုသည် လုလီရှင်းအား အမြဲယုံကြည်သည်ဖြစ်၍ အသေးစိတ်မေးမြန်းမနေတော့ချေ။ ဖုန်းမချခင် ဂရုစိုက်ရန်သာ မှာကြားလိုက်လေသည်။

ခုနစ်နာရီခွဲတွင် မြို့တော်Yသို့သွားသော လေယာဉ်ထွက်ခွာလေသည်။ လေးနာရီနီးပါးကြာပြီးသည့် နောက်တွင် လုလီရှင်းသည် လေဆိပ်သို့ ခြေချနိုင်ခဲ့လေသည်။ လေယာဉ်ပေါ်မှ ည ၁၁ နာရီတွင် ဆင်းခဲ့၍ ကားစီးကာ ဟိုတယ်သို့ သွားလေသည်။

လုလီရှင်းသည် ကျီချင်းချင်း၏ ခရီးစဉ်အား ချန်ရှုယီထံမှ သိပြီးသောအခါ သူ့ဖုန်းကို လက်ဖြင့်ခေါက်နေလေသည်။ ၁၂ နာရီဝန်းကျင်တွင် လုလီရှင်းသည် ထျန်းယွီဟိုတယ်သို့ ရောက်ရှိလေသည်။

လုလီရှင်းသည် ကျီချင်းချင်း အိပ်နေလောက်ပြီထင်၍ သူမ၏လက်ထောက် ချင်ယွဲ့အား ဖုန်းခေါ်ခဲ့လေသည်။

ချင်ယွဲ့မှာ ဇာတ်လမ်းတွဲတွင်ပါဝင်မည့် ကျီချင်းချင်း၏ အစီအစဉ်များကို လက်‌ထောက်ဒါရိုက်တာ‌နှင့် ဆွေးနွေးနေလေသည်။ ထို့ကြောင့် မရင်းနှီးသော ဖုန်းနံပါတ်ကိုမြင်သောအခါ သတိမမူစွာပင် မကိုင်တော့ဘဲနှင့် ချလိုက်လေသည်။

လုလီရှင်းသည် ချင်ယွဲ့ဖုန်းမကိုင်သည်နှင့် ကျီချင်းချင်းဆီဆက်လေသည်။ ဖုန်းကိုင်သည်မှာ ကျီချင်းချင်းမဟုတ်ဘဲ သူမ၏လက်ထောက်တစ်ယောက် ဖြစ်လေသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Nơi câu chuyện tồn tại. Hãy khám phá bây giờ