Chapter-48

2.3K 273 2
                                    

Unicode

အခန်း(၄၈) - လုလီရှင်းက ဘာ့ကြောင့် အသက်ရှင်နေသေးတာလဲ (၄)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းသည် လုလီရှင်း၏အခြေအနေကို အကြိမ်ပေါင်းများစွာ စဉ်းစားကြည့်နေသော်လည်း သူမခေါင်းထဲတွင် ပဟေဠိဖြစ်နေခဲ့သည်။ သူမ၏မျက်လုံးထောင့်စွန်းကနေ လုလီရှင်းဟာ လှေကားကနေ ဆင်းလာပြီး သူမအနားသို့ လျှောက်လာတာကို တွေ့လိုက်ရသည်။

သူမ မနက်စာစားရင်း သူ့ကိုမမြင်ချင်ယောင်ဆောင်လိုက်သည်။ သူ့ကို သူမစကားမပြောချင်ဘူး။

လုလီရှင်းသည် တိတ်တဆိတ် ခေါင်းငုံ့ပြီး မနက်စာစားနေတဲ့ ကျီချင်းချင်းကိုကြည့်ရင်း တိုးညင်းစွာ ပြောလိုက်သည်။ 

“ခဏနေရင် ကိုယ်ဆေးရုံကို သွားမလို့။ မင်းလည်း အတူလိုက်ခဲ့ရင်ကောင်းမယ်။”

ကျီချင်းချင်းသည် သူ မနက်တုန်းက နမ်းခဲ့တဲ့အနမ်းကို သတိရသွားပြီး “ကျွန်မ မလိုက်ချင်ဘူး။” လို့ ငြင်းဆိုလိုက်သည်။

အကြီးအကဲလုက လုလီရှင်းနောက်ကနေ အောက်ထပ်သို့ လိုက်ပါလာခဲ့ပြီး ကျီချင်းချင်း၏ ငြင်းဆိုချက်ကို ကြားသွားသည်။ ထို့နောက် အကြီးအကဲလုက သူမကို ကြင်နာစွာပြုံးပြပြီး မေးလိုက်သည်။

“ချင်းချင်းရေ မနက်စာစားပြီးရင် အဖိုးတို့နဲ့အတူ ဆေးရုံကို လိုက်ခဲ့ပေးလို့ရမလား။”

ကျီချင်းချင်းသည် သူမပါးစပ်ထဲမှနွားနို့ကို မြိုချလိုက်သည်။ အကြီးအကဲလု၏ တောင်းဆိုမှုကိုတော့ သူမ မလွန်ဆန်နိုင်ခဲ့ပေ။ လုလီရှင်းကိုပဲ စူးစိုက်ကြည့်နိုင်ခဲ့သည်။

“ကောင်းပါပြီ အကြီးအကဲလု”

နာရီဝက်ကြာခန့်အကြာတွင်  သူတို့သည် ဆေးရုံသို့ရောက်ရှိလာပြီး လုလီရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးမှုပြုလုပ်ရန် ဆောင်ရွက်ခဲ့သည်။ အကြီးအကဲလုသည် ဆေးရုံအုပ်ချန်းကို ဆက်သွယ်ခဲ့ပြီး ကြိုတင်ပြင်ဆင်ထားခဲ့သည်။

ကျီချင်းချင်းနှင့် အကြီးအကဲလုတို့သည် ရလဒ်ကိုနားထောင်ရန် ဆေးရုံအုပ်ရုံးခန်းသို့ ရောက်နေခဲ့သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now