Unicode
အခန်း(၄၉) – “သင့်ချစ်ဇနီးအပေါ် ချစ်မြတ်နိုးသည့် အပြုအမူများ ပြုလုပ်ရန် ကျွန်ုပ်နှင့် အတူပူးပေါင်းပါဝင်ပေးပါ။ သင့်ကို ခင်ပွန်းလို့ခေါ်ဆိုစေဖို့ အစပြုလုပ်ဆောင်ရန် အမှတ်ရပါ။” (၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)ဗီလာသို့ပြန်လာနေသည့် လမ်းတစ်လျှောက်လုံးတွင် ကျီချင်းချင်း၏ ဦးနှောက်ထဲတွင် လုံးဝဗလာဖြစ်နေခဲ့သည်။
လုလီရှင်း၏ ရောဂါအခြေအနေကို အနည်းငယ် သံသယဝင်နေခဲ့သော်လည်း ထိုအရာသည် သံသယများနေခြင်းသာဖြစ်သည်။ ခေတ်မီဆေးပညာ၏ အခြေအနေများအောက်တွင် ကျီချင်းချင်းသည် ဟိုင်ပင်းမြို့တော်၏ အကြီးဆုံးဆေးရုံသည် ဒီလောက်အမှားကြီးတစ်ခုကို ပြုလုပ်မိလိမ့်မယ်လို့ သူမ မယုံကြည်ခဲ့ပေ။ ထို့ပြင် လုလီရှင်းသည် အခုချိန်လောက်ဆို ဝထ္ထုထဲမှာ သေသွားခဲ့ပြီးပြီ။
ဒါဆို လုလီရှင်းက ဘာလို့ အခုထိ အသက်ရှင်နေသေးရတာလဲ?
သူမ လုလီရှင်းကို လက်ထပ်လိုက်လို့ သူပြန်သက်သာသွားတာတော့ မဖြစ်နိုင်လောက်ဘူးမလား။
ကျီချင်းချင်းသည် သူမစိတ်ကူးထဲက ထိုအတွေးများကို ဖျက်ပစ်လိုက်သည်။ အိမ်ထောင်ပြုခြင်းသည် နာမကျန်းသူအား ကံကောင်းခြင်းများ ယူဆောင်ပေးနိုင်သည်ဟူသော သိပ္ပံနည်းကျမဟုတ်သော အကြောင်းအရာများသည် ယုတ္တိမရှိပေ။ အဲ့တာက ယုံကြည်ချင်စရာမရှိဘူး။
“မင်းဘာတွေစဉ်းစားနေတာလဲ။” ဆိုသည့် အမေးကိုကြားလိုက်ရချိန်မှ ကျီချင်းချင်းသည် သတိပြန်ကပ်လာခဲ့သည်။
ကျီချင်းချင်းသည် သတိပြန်ကပ်လာပြီး သူမကိုမေးခွန်းထုတ်သော အကြည့်ဖြင့်ကြည့်နေခဲ့သည့် လုလီရှင်းကို ပြန်ကြည့်လိုက်သည်။ အကြီးအကဲလု၏ ကြင်နာသောအကြည့်အောက်မှာ ထိုမေးခွန်းကို ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်းပဲ ဒီကိစ္စကို နည်းနည်းထူးဆန်းတယ်လို့ ထင်နေလို့ပါ။ မစ်စတာလု မြန်မြန်ပြန်သက်သာလာတဲ့ကိစ္စကြောင့်ပါ။ ဆရာဝန်ရဲ့ ဆေးစစ်ချက်အဖြေ မှားနေတာတော့ မဟုတ်လောက်ပါဘူးနော်။” ဟု ကျီချင်းချင်းက ပြောလိုက်သည်။
YOU ARE READING
ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)
RomanceType: Web novel (CN) Associated Names: I'm young and I'm waiting at home for my spouse to return Ta Tuổi Còn Trẻ Tưởng Thủ Sống Quả [ Xuyên Thư ] 我年纪轻轻想守活寡[穿书] English Names: My Wife is My Life! Chinese Author: 公子闻筝 English Translator: Sleepy Transl...