Chapter-20

3.5K 427 0
                                    

Unicode

အခန်း(၂၀) - တံခါးနားမှာ ချောင်းနားထောင်နေတဲ့ လုလီထင်: ... F*ck! (၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းသည် ဝတ္ထုဇာတ်လမ်းနောက်ပိုင်းတွင် လုလီထင်က ကလိမ်ကကျစ်လုပ်တတ်သော အကျင့်စရိုက်ကို ပြသခဲ့တာကို သိသော်လည်း သူမသည် သူက ဤသို့ ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“လုလီထင် ငါ နင့်ကိုပြောမယ်။ ရှင့်ကိုစွန့်ပစ်ခဲ့တာက ကျွန်မလုပ်ခဲ့သမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။ ကျွန်မ အဲ့ဒီအတွက် ဘယ်တော့မှ‌နောင်တမရဘူး။”

“ကျီချင်းချင်း… မင်း…”

“နင်က အမှိုက်ကောင်ပဲ”

ကျီချင်းချင်းသည် သူ့ကိုတွန်းဖယ်လိုက်ပြီး လုလီရှင်းရဲ့အခန်းထဲကို ဝင်သွားလိုက်သည်။ လုလီထင်သည် မှုန်မှိုင်းနေသောမျက်နှာဖြင့် ထိုနေရာမှာ ရပ်ကျန်ခဲ့သည်။

လုလီရှင်းရဲ့အခန်းထဲက လိုက်ကာများကို လုလီရှင်း သက်တောင့်သက်သာဖြင့် အိပ်ပျော်စေရန် ရည်ရွယ်ချက်ဖြင့် ကျီချင်းချင်းက ပိတ်လိုက်သည်။

ကျီချင်းချင်းက လုလီရှင်းရဲ့ကုတင်းနားကို ဖွဖွလေး လျှောက်သွားပြီး သူ့ကုတင်ဘေးနားမှာ ထိုင်လိုက်သည်။ လုလီရှင်း အလွန်အိပ်မောကျနေသည်ကို တွေ့ရတော့ သူမ သက်ပြင်းချလိုက်မိသည်။

ကျီချင်းချင်းသည် လုမိသားစုထဲသို့ လက်ထပ်ဝင်ရောက်ခြင်းအားဖြင့် အနာဂတ်အတွက် စိုးရိမ်ပူပန်စရာများကို ဖယ်ရှားနိုင်လိမ့်မယ်လို့ သူမ ထင်ခဲ့ဖူးသည်။ မမျှော်လင့်ပဲ သူမသည် ဝံပုလွေဂူထဲသို့ ဝင်ရောက်သွားမိခဲ့သည်။ ယခုအချိန်တွင် လုလီရှင်းသည် အသက်ရှင်နေဆဲဖြစ်ပြီးတော့ အကြီးအကဲလုသည်လည်း ရှိနေသေးသောကြောင့် လုလီထင်သည် သူမကို ဘာမှမလုပ်ဝံ့ပါ။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့နှစ်ယောက် ဘဝတစ်ပါးသို့ ကူးပြောင်းသွားတာနဲ့ သူမဘဝဟာ လမ်းခင်းကျောက်ပြားဘဝသို့ ရောက်သွားလိမ့်မည်။

လုလီထင်ပြောတာ မမှားဘူး။ အကြီးအကဲလုက လုလီရှင်း စုဆောင်းရရှိထားတဲ့ ချမ်းသာကြွယ်ဝမှုများအား သူမကို အမွေပေးလိမ့်မည်မဟုတ်ပါ။ ထိုပိုင်ဆိုင်မှုများသည် လုမိသားစုကသာ ပိုင်ဆိုင်ပြီးတော့ လုမိသားစုသွေးသားတစ်ဦးက အမွေဆက်ခံရရှိလိမ့်မည်။ ဒါကြောင့် နောက်ဆုံးမှာတော့ အဲ့ဒီချမ်းသာကြွယ်ဝမှုဟာ လုလီထင်ရဲ့လက်ထဲကိုသာ ကျရောက်သွားလိမ့်မည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now