Ch-191

615 71 0
                                    

အခန်း (၁၉၁)

တစ်ခြားလူများကတော့ ထိုမိန်းကလေးသည် ဥက္ကဌလု နှင်းဆီပန်း ၉၉ပွင့်ပေးခဲ့သော ထျန်းယွီအင်တာတိန်းမန့်မှ ကျီချင်းချင်းဟု ခန့်မှန်းကြသည်။ သို့သော် ကျီချင်းချင်းမှာ မကျော်ကြားသောကြောင့် ထိုအရာအား လူအနည်းငယ်ကသာ ယုံကြည်ကြ၏။ အများစုမှာ သူတို့၏ ထက်မြတ်ပြီး တည်ကြည်ဖြောင့်မတ်သော ဥက္ကဌလုက ထိုကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားသူကို မရွေးချယ်လောက်ဟု ထင်ကြသည်။

ထို့နောက်တွင် လုလီရှင်း၏ ရုံးခန်းသို့ နေ့လည်စာသွားပေးသော လက်ထောက်လေးသည် ဗီဒီယိုဖုန်းခေါ်ဆိုမှုတွင် မမြင်ဖူးသော မိန်းကလေးတစ်ယောက်အား တွေ့လိုက်ရသည်။ ထိုမိန်းကလေးသည် သာမန်ပင်ဖြစ်သော်လည်း သူမသည် ပြုံးရတာ အလွန်သဘောကျပုံပင်။ ဤအရာက နောက်ဆုံးတွင် သူတို့လုပ်ခဲ့သော မျက်ကန်းခန့်မှန်းချက်အားလုံးကို နိဂုံးချုပ်သွားစေခဲ့သည်။

ဘယ်မိန်းကလေးလဲဆိုတာ အရေးမကြီးဘူး။ နိဂုံးချုပ်ကို ပြောရမယ်ဆိုရင် ကောင်မလေးက မလှဘူး ဒါပေမယ့် သူမမှာ ပြုံးလိုက်ရင် ချစ်စရာကောင်းတဲ့ ကုသိုလ်ကောင်းမှုလေးတော့ ရှိနေသည်။

အဲ့ဒါကြောင့်ပင် ဥက္ကဌလုက လှပချောမောတဲ့ မိန်းကလေးတွေကို မကြိုက်ဘူး ဒါပေမယ် ပြုံးရတာ သဘောကျတဲ့ မိန်းကလေးမျိုးကို ကြိုက်နှစ်သက်တယ်လို့ တစ်ယောက်က မှတ်ချက်ချလိုက်သည် ။

တစ်ခါက ဥက္ကဌလုသည် ဓာတ်လှေခါးထဲတွင် ဝန်ထမ်းမလေးတစ်ယောက်၏အပြုံးအား သဘောကျသွားသဖြင့် အဆင့်သုံးဆင့်တောင် ချက်ချင်းရာထူးတိုးပေးလိုက်သည်ဟူ၍ မဖြစ်နိုင်သော အတင်းအဖျင်းများပင် ထွက်ပေါ်လာသေးသည်။

ထိုခဏတွင် လုကော်ပိုရေးရှင်းမှ ဝန်ထမ်းအားလုံးမှာ ပြုံးပျော်နေကြပြီး အလုပ်ထဲရှိ လေထုသည်လည်း အင်မတန် ကောင်းမွန်လာခဲ့သည်။

"ဥက္ကဌလု ငါးမိနစ်ကြာရင် အစည်းအဝေးတစ်ခုရှိပါတယ်။ အကုန်လုံး ရောက်နေကြပါပြီ။"

လုလီရှင်းသည် သူ့ရှေ့မှ ဖတ်လက်စဖိုင်ကို ပိတ်လိုက်သည်။ ဖုန်းအား ကောက်ကိုင်လိုက်ကာ အစည်းအဝေးခန်းဆီသို့ သွားလိုက်သည်။ ချန်ကျင်းမှာ သူ့နောက်က လိုက်လာသည်ဖြစ်ရာ ဖုန်းမျက်နှာပြင်ပေါ်မှ မြင်ကွင်းသည် ရုပ်ရှင်ရိုက်ကွင်းဖြစ်ကြောင်း သေချာမြင်နေရ၏။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now