Chapter-112

1.4K 133 1
                                    

Unicode

အခန်း (၁၁၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်း ဘာမှ ပြန်မပြောနိုင်ခင်မှာ လုလီရှင်းက ဖုန်းချသွားသည်။

အမေကျီသည် သူမ၏ မျှော်လင့်ချက် ပျက်သုဉ်းသွားသည့်အတွက် ဝမ်းနည်းစွာ စိုက်ကြည့်နေပြီး အဖေကျီသည်လည်း သူမအား ရှုတ်ချသောအကြည့်ဖြင့် ကြည့်နေခဲ့သည်။

သူမ၏ မိသားစုကို ကျော်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ချမ်းသာတဲ့သူနဲ့ အိမ်ထောင်မပြုနိုင်တာနဲ့ လူတစ်ယောက်ဟာ ကောင်းမွန်တဲ့ဘဝနေထိုင်မှုမျိုး မရရှိနိုင်ဘူးလို့ ဘယ်သူက သတ်မှတ်ထားတာလဲ။

"အဆင်ပြေပါတယ်။ ကျွန်တော် ဒီကို လာပြီး မင်းတို့ကို လာမရှာသင့်ဘူး။ မင်းတို့မိသားစုတွေပဲ ထမင်းစားသင့်တယ်၊ ကျွန်တော် အရင်ပြန်နှင့်လိုက်ပါ့မယ်။"

"မသွားနဲ့" အမေကျီက သူ့လမ်းကြောင်းကို ပိတ်ဆို့ထားပြီး ယုယန် ထွက်သွားမည်ကို တားဆီးလိုက်ကာ ကျီချင်းချင်းကို စိုက်ကြည့်လိုက်သည်၊ "ချင်းချင်း၊ နင် ဘာဖြစ်လို့ နင့်ရဲ့ အမူအကျင့်တွေက ပိုပိုပြီး ရိုင်းစိုင်းလာရတာလဲ။ အိမ်ရှင်တစ်ယောက်အနေနဲ့ ဘာဖြစ်လို့ ဧည့်သည်ကို မတားဆီးရတာလဲ။"

ကျီချင်းချင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး "ဒါက အမေ့အိမ်လို့ အမေပဲ ပြောခဲ့တာ မဟုတ်လား။ အမေကပဲ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်တဲ့သူဆိုတော့ အမေ သမီးကို ဘာဖြစ်လို့ ဒီမှာ လိုအပ်နေသေးတာလဲ။"

"ချင်းချင်း" အဖေကျီက သူမကို လှမ်းခေါ်လိုက်ပြီး သူ့မျက်လုံးတွေနဲ့ အချက်ပြပြီး ထိုင်ခိုင်းလိုက်သည်။

"အဆင်ပြေပါတယ်။ ဝေ့လည်ကြောင်ပတ် ပြောနေစရာ မလိုဘူး။ အမေတို့က ယုယန်ကို ချမ်းသာလို့ သဘောကျတယ်၊ သမီးပြောတာ မှန်တယ်မလား၊ သူ သမီးကို တကယ် ပိုးပန်းချင်တာလား ဒါမှမဟုတ် သူက သမီးကို ဆော့ကစားချင်ရုံပဲလားဆိုတာ ဘာဖြစ်လို့ သူ့ကို မမေးကြည့်တာလဲ။"

"နင် ဘယ်လိုပြောလိုက်တာလဲ။ ယုယန်က နင့်ကို မကြိုက်ရင် သူက နင့်မိဘအိမ်ကို ကိုယ်တိုင်လာပြီး ငါတို့နဲ့အတူ ထမင်းလာစားမှာလား။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Tahanan ng mga kuwento. Tumuklas ngayon