Chapter-61

2.3K 242 1
                                    

Unicode

အခန်း (၆၁) - ဘယ်လောက်တောင် အရှက်ကင်းမဲ့ရတာလဲ (၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

“ငါ ကျန်းမာရေး ပြန်ကောင်းလာပြီ၊ ဒါပေမယ့် ဒီအကြောင်းကို ပြောရမှာ ရှည်တယ်။ ငါ မင်းကို နောက်မှ ဒီအကြောင်းကို ရှင်းပြပေးမယ်။ ငါ မင်းကို ကိစ္စတစ်ခု အကူအညီတောင်းဖို့ ဖုန်းခေါ်လိုက်တာပဲ။”

“... ကောင်းပြီ၊ မင်း ဘာလိုချင်တာ ရှိလို့လဲ။”

လုလီရှင်းသည် လိုရင်းကို တန်းပြောလိုက်သည်။ “ထျန်းယွီအင်တာတိန်းမန့်ရဲ့ အထက်ပိုင်းက ကျီချင်းချင်းနဲ့ ရှန်းဝေဝေတို့ကြားက ပြဿနာကို ဝင်ရောက်စွက်ဖက်နေတယ်လို့ ငါကြားတယ်။ အဲ့တာ ဘယ်သူလဲ။”

တစ်ဖက်မှလူသည် လုလီရှင်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီးနောက် ပထမဦးဆုံး ဖုန်းခေါ်ဆိုမှုသည် အရေးမပါသော မင်းသမီးနှစ်ဦး၏ ပြဿနာကြောင့် ဖြစ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ မကြာသေးမီက အဖြစ်အပျက်တွေကို ပြန်တွေးကြည့်မိတော့ ဒီအကြောင်းအား မရေမရာ ကြားမိကြောင်း အမှတ်ရသွားမိသည်။

“ကျီချင်းချင်းနဲ့ ရှန်းဝေဝေတို့ကြားမှာ တစ်ခုခု ဖြစ်နေတာလား... ဘယ်သူ ဝင်ရောက်စွက်ဖက်တာလဲဆိုတာ ငါလည်း မသိဘူး။ ငါ ဒါကို တစ်ချက် စစ်ဆေးကြည့်လိုက်ဦးမယ်။”

“ဘယ်သူ ဝင်စွက်ဖက်တာလဲ ဆိုတာကို မင်း သိပြီးရင် ငါ့ကို ဖုန်းပြန်ခေါ်စရာ မလိုဘူး။ အဲ့လူလုပ်နေတာကို ချက်ချင်း တားမြစ်လိုက်။ ကျီချင်းချင်းနဲ့ ရှန်းဝေဝေတို့ကြားက ကိစ္စတွေကို ကာယကံရှင် ကြိုက်သလို ကိုင်တွယ်ခွင့်ပေးလိုက်။ ဝင်ရောက်စွက်ဖက်စရာ မလိုဘူး။”

ချန်ရှုယီသည် လုလီရှင်း၏ ငယ်သူငယ်ချင်းဖြစ်ပြီး အတန်းဖော်ဟောင်းလည်း ဖြစ်သည်။ အတူတူ ကြီးပြင်းလာခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းစွာ နားလည်ကြသည်။ ချန်ရှုယီသည် သူ့သူငယ်ချင်းဖြစ်သူက အမျိုးသမီးတစ်ယောက်အတွက် သူရဲကောင်းလုပ်သည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဒီတော့ ဘာကြောင့်များ အရေးမပါတဲ့ မင်းသမီးတစ်ယောက်အတွက် အသေးအဖွဲ ပြဿနာကို ကူညီဖြေရှင်းပေးဖို့ သူ့ကို ဖုန်းခေါ်ရတာလဲ။
 
ပြီးတော့ သူ မှတ်မိတာ မှန်မယ်ဆိုရင် ဒီမင်းသမီးသည် ချောမောပြေပြစ်သော ရုပ်ရည်သာ ရှိလေသည်။ အများသူငှာရဲ့ မျက်မုန်းကျိုးမှုကို ခံနေရပြီး သူမမှာ တခြား ကောင်းတဲ့အချက်တွေ မရှိပါဘူး။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Onde histórias criam vida. Descubra agora