Chapter-106

1.5K 142 1
                                    

Unicode

အခန်း (၁၀၆)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

လုလီရှင်းသည် ကျီချင်းချင်းကို သူတို့အခန်းထဲ ချီခေါ်သွားသည့်အခါတွင် အဖိုးလုနှင့် အန်တီဖေးတို့ကို မ‌တော်တဆ ခြောက်လန့်မိသွားသည်။ သူတို့က ကျီချင်းချင်း တစ်ခုခု ဖြစ်နေတယ်လို့ ထင်သွားကြသည်။ ဒါပေမယ့် လုလီရှင်းရဲ့ ရှင်းပြချက်ကို နားထောင်ပြီး မကြာခင်မှာပဲ သူတို့ စိတ်သက်သာရာ ရသွားသည်။

လုလီရှင်းသည် ကျီချင်းချင်းကို ကုတင်ပေါ် တင်ပေးပြီးနောက် သူ့ကို အဖိုးလု ခေါ်ထားသဖြင့် စာကြည့်ခန်းသို့ သွားခဲ့သည်။

"လီရှင်း၊ အဖိုး ဒီနေ့ မင်းကို ဒီကို ခေါ်ရတဲ့ အကြောင်းရင်းက အဖိုး မင်းနဲ့ ချင်းချင်းကြားက ဆက်ဆံရေးကို ဆွေးနွေးချင်လို့ပဲ။"

"ကျေးဇူးပြုပြီး ဆက်ပြောပါ။"

မြေးအဖိုးနှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

အဖိုးအိုသည် ကျီချင်းချင်းနှင့် လုလီရှင်းတို့ လက်ဆောင်ပေးခဲ့သော ၄၉လုံး ပုတီးကို ကိုင်ဆောင်ထားသည်။ ခဏလောက် စဥ်းစားချင့်ချိန်ပြီးနောက် အဖိုးလုက ဆက်ပြောသည်၊ "မင်း နိုးလာကတည်းက အဖိုး မင်းနဲ့ စကား အေးဆေးပြောရတဲ့အချိန် မရှိသေးဘူး။ မင်းလည်း ဒီနေ့ အားနေတယ်ဆိုတော့ မင်း ကျီချင်းချင်းကို ဘယ်လို သဘောထားလဲ အဖိုး သိချင်တယ်။"

"အဖိုး၊ မင်း..."

"ငါ မင်းကို ဝေ့လည်ကြောင်ပတ် မပြောချင်ဘူး၊ ချင်းချင်းနဲ့ ပတ်သက်ပြီး မင်း ဘယ်လို ခံစားနေရလဲ ဆိုတာ ငါ့ကို ရိုးရိုးသားသားပဲ ပြော။"

လုလီရှင်းသည် ခဏတာမျှ တိတ်ဆိတ်သွားသည်။

အဖိုးလုသည် သူ့ရဲ့ တိတ်တိတ်ဆိတ်ဆိတ် အမူအရာကိုကြည့်ပြီး သက်ပြင်းချသည်၊ "မင်း ဆေးရုံကနေ အိမ်ကို ပြန်ရောက်တဲ့နေ့မှာ ငါ မင်းကို ချင်းချင်းရှေ့မှောက်မှာ မင်း သူမကို လက်ထပ်ပြီး တစ်သက်လုံး ပြုစုစောင့်ရှောက်ဖို့ ဆန္ဒရှိ မရှိကို ငါ မေးခဲ့တယ်။ အဲ့ဒီတုန်းက မင်း ဆန္ဒရှိတယ်လို့ ငါ့ကို ပြောခဲ့တယ်။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now