Unicode
အခန်း (၉၇)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)လုလီရှင်းသည် သူမကို ကူကယ်ရာမဲ့စွာ ကြည့်မိရုံမှတပါး မနေနိုင်တော့ပေ။ သူမသည် အမြဲတမ်း တောက်ပစွာ ပြုံးပျော်နေပြီး နံနက်စောစောတွင်ပင် ရွှင်လန်းတက်ကြွနေတတ်သည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူမဟာ နှင်းခါးရိုက်ထားသည့် ခရမ်းသီးလိုပါပဲ။ သူမရဲ့ မျက်နှာတစ်ဝက်ကို စောင်ပုံထဲမှာ နစ်မြှုပ်ထားခဲ့သည်။ ကျီချင်းချင်းရဲ့ မျက်ဝန်းတွေက စိတ်ဝိညာဥ် ကင်းမဲ့နေဟန်ပေါ်ပြီး သူမရဲ့ မျက်ဝန်းအောက်တွင် အမည်းကွင်း နှစ်ကွင်းရှိသည်။ ဒါကို ကြည့်ရတာ သူမ မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့ဘူးဆိုတာ သိသာပါသည်။
"အခု ဘယ်နှနာရီရှိပြီလဲ..." ကျီချင်းချင်းသည် အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ သူမသည် သူမရဲ့ ဝမ်းဗိုက်ကို လက်ဖြင့် ဖုံးအုပ်ထားပြီး အသံက အတော်လေး အားနည်းနေခဲ့သည်။ သူမကြည့်ရတာ အားနည်းပြီး ဖျားနာနေပုံပဲ။
"ကိုးနာရီခွဲ ရှိပြီ။"
ကျီချင်းချင်းက သက်ပြင်းတစ်ချက် ချပြီး သူမ မျက်နှာကို ဖုံးအုပ်ဖို့ စောင်ကို ဆွဲတင်လိုက်သည်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဂုဏ်ယူလွန်းလို့ မဖြစ်ဘူး၊ မဟုတ်ရင် သူတို့အတွက် အဆင်မပြေတာတွေ ကြုံတွေ့ရနိုင်သည်။
သူမသည် မနေ့ညက အရမ်းစိတ်လှုပ်ရှားနေခဲ့ပြီး နောက်တစ်နေ့မှာတော့ သူမထံ အန်တီ(ဓမ္မတာလာ) ရောက်လာခဲ့သည်။ သူမရဲ့ ဝမ်းဗိုက်ထဲ ဓါးသေးသေးလေးတွေဖြင့် ဖြေးညင်းစွာ ပိုင်းဖြတ်နေသလို ခံစားရသည်။ ဒါက အလွန်အမင်း နာကျင်စေခဲ့သည်။
ဒါပေမယ့် သူမမှာ ဒီနေ့ ရိုက်ကူးရေး ရှိသည်။ သူမ ဒါကို နှောင့်နှေးစေလို့ မဖြစ်ဘူး။
"မဟုတ်ဘူး၊ ငါ အိပ်ရာထရမယ်။" ဒီနေရာသို့ ကူးပြောင်းလာပြီးနောက် ဒါက သူမ ရရှိခဲ့သော ပထမအလုပ်ပင် ဖြစ်သည်။ သူမသည် မနက်ဆယ်နာရီမှာ ကုမ္ပဏီမှာတွေ့မယ်လို့ ချင်ယွဲ့ကို ကတိပေးထားသည့်အတွက် သူမ မပျက်မကွက် သေချာပေါက် သွားရောက်ရမည်။