Chapter-53

2.2K 245 1
                                    

Unicode

အခန်း(၅၃) – “သင့်ချစ်ဇနီးအပေါ် ချစ်မြတ်နိုးသည့် အပြုအမူများ ပြုလုပ်ရန် ကျွန်ုပ်နှင့် အတူပူးပေါင်းပါဝင်ပေးပါ။ သင့်ကို ခင်ပွန်းလို့ခေါ်ဆိုစေဖို့ အစပြုလုပ်ဆောင်ရန် အမှတ်ရပါ။” (၅)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

အကြီးအကဲလုက စိတ်ချမ်းသာစွာ ပြုံးလိုက်သည်။ ခဏအကြာမှာ သူက ဇဝေဇဝါဖြစ်စွာ “အဖိုးက မင်းကို ဘာကိစ္စ ဖြေရှင်းပေးလိုက်တာလဲ။” ဟု မေးလိုက်သည်။

“သမီး ရိုက်ကူးရေး လုပ်တုန်းက ရှန်းဝေဝေလို့ခေါ်တဲ့ မိန်းကလေးက သမီးက သူမကို တောင်ပေါ်ကနေ တွန်းချလိုက်ပါတယ်လို့ စွပ်စွဲခဲ့တယ်။ ယွမ်သန်းနှစ်ဆယ်ကို မလျော်ပေးရင် သူ့ရဲ့တရားစွဲဆိုခြင်းကို ခံရမယ်လို့ ခြိမ်း‌ခြောက်ခဲ့တယ်။ အဲ့ကိစ္စအတွက် ကျေးဇူးကြွေးတင်နေတာပါ။”

“ဒီကိစ္စကို ကိုင်တွယ်ဖို့ ဘယ်သူ့ကိုမှ မလုပ်ခိုင်းရသေးဘူး။”

ကျီချင်းချင်းခေါင်းထဲ မေးခွန်းများစွာ ပြည့်သွားခဲ့သည်။ “အဲဒါကိုဖြေရှင်းတာ အကြီးအကဲ မဟုတ်ဘူးလား။ အဲဒါဆို ဘယ်သူများဖြစ်မလဲ။”

“သမီး သိချင်တယ်ဆိုရင် နောက်ကျရင် အဖိုးကူညီပြီး စစ်ဆေးကြည့်ပေးပါ့မယ်။”

“ကျေးဇူးတင်ပါတယ် ‌အကြီးအကဲလု”

အကြီးအကဲလုသည် ကြင်နာစွာ ပြုံးလိုက်ပြီး “သမီး ဒီအိမ်မှာ ဆက်‌နေဖို့ လက်ခံလိုက်‌ပြီဆိုတော့ လီရှင်းခေါ်သလို အဖိုးလို့ခေါ်တော့လေ။ တခြားလူတွေခေါ်သလို အကြီးအကဲလုလို့‌ ခေါ်မနေတော့နဲ့။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း အပြင်လူတစ်ယောက်လို မသတ်မှတ်ပါနဲ့တော့။” ဟုပြောလိုက်သည်။

ကျီချင်းချင်းဟာ အကြီးအကဲလုက လုလီရှင်းအပေါ် ပေးတဲ့မေတ္တာတွေကို သူမ အားကျနေခဲ့သည်။ သူမသည် မိသားစုချစ်ခြင်းမေတ္တာကို တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပါ။

သူမ ဆုတောင်းထားသည့်အတိုင်း ဖြစ်လာခဲ့တော့ သူမ အခေါ်အဝေါ်ပြောင်းခေါ်ဖို့ကို အလွယ်တကူ ပြောထွက်လာနိုင်ခဲ့သည်။ “ အဖိုး”

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Onde histórias criam vida. Descubra agora