Unicode
အခန်း(၂) - သူမ ဘာလုပ်သင့်လဲ၊ သူမအခြေအနေ အဆင်ပြေသွားအောင် ငွေကြေးကြောင့်လက်ထပ်ခြင်း ပြုလုပ်ရမလား (၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)တကယ်တော့ သူဟာ ဆင်းရဲသောကောင်လေးတစ်ယောက်မဟုတ်ပေ။ သူသည် ချမ်းသာကြွယ်ဝသောမိသားစုမှ သခင်လေးတစ်ယောက်ဖြစ်သည်။ ကိုယ့်အားကိုယ်နေထိုင်ရန် အိမ်မှမထွက်ခွာခင် သူသည် နေ့စဥ်ဘဝလိုအပ်ချက်များအတွက် မည်သည့်အခါကမှ ပူပန်စရာမလိုခဲ့ပါ။ ကျီချင်းချင်းရဲ့စွန့်ပစ်မှုကိုခံလိုက်ရပြီး ဆင်းရဲသူတွေကိုအထင်တသေးကြည့်ရှုကာ ချမ်းသာသူများကို မျက်နှာချိုသွေးသည့်သဘာဝအား သဘောပေါက်နားလည်သွားခဲ့သည်။ ထိုအတွေ့အကြုံကိုရရှိပြီးနောက် သူ့စိတ်သဘောထားသည် ကြီးမားသောပြောင်းလဲမှုဖြစ်ခဲ့ပြီး သူသည် အကြင်နာမဲ့ပြီးပြောင်းလဲလွယ်သောလူတစ်ယောက်ဖြစ်လာခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကြင်နာလှပတဲ့အမျိုးသမီးဇာတ်လိုက်နှင့် တွေ့ဆုံခဲ့သည်။
အမျိုးသမီးဇာတ်လိုက်သည် ဆင်းရဲဟန်ဆောင်နေသည့် အမျိုးသားဇာတ်လိုက်ကို အထင်အမြင် မသေးခဲ့ပေ ။ သူမသည် သူ့ဘေးမှာ တိတ်တဆိတ် နေထိုင်ခဲ့သည်။ ဝတ္ထုထဲတွင် အမျိုးသမီးဇာတ်လိုက်ကို ခက်ခဲစေလိုသည့်လူများဖန်တီးသောပြဿနာများ၊ စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့ရသည့်အခါ အမျိုးသားဇာတ်လိုက်သည် ပေါ်ပေါ်ထင်ထင်တစ်မျိုး၊ ခိုးကြောင်ခိုးဝှက်တစ်သွယ် သူမအတွက် ပြဿနာများကို ဖြေရှင်းပေးခဲ့သည်။ နောက်ဆုံးတွင် အမျိုးသားဇာတ်လိုက်သည် အမျိုးသမီးဇာတ်လိုက်ကို သူ၏ဘဝအစစ်အမှန်ကို ဆက်လက်မဖုံးကွယ်ထားရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူသည် သူမကို အမှန်တရားအားပြောပြဝန်ခံခဲ့သည်။
အမျိုးသမီးဇာတ်လိုက်သည် အမျိုးသားဇာတ်လိုက်က မည်သူမည်ဝါဖြစ်ကြောင်းသိရှိပြီးနောက်တွင် အမျိုးသမီးဇာတ်လိုက်သည် ခံစားချက်များရှုပ်ထွေးခဲ့ပြီးတော့ အမျိုးသားဇာတ်လိုက်အား အချိန်ကာလတစ်ခုကြာသည်အထိ အေးစက်စွာဆက်ဆံခဲ့သည်။ နောက်ဆုံးတွင် သူမသည် အမှန်တရားကို ဖုံးကွယ်ထားခဲ့သည့် သူ့ကို ခွင့်လွှတ်ပေးခဲ့သည်။