Chapter-17

3.3K 408 0
                                    

Unicode

အခန်း(၁၇) - သေဆုံးခါနီးသတိပေးချက်: နောက်နာရီဝက်အတွင်း သင့်ဇနီးရဲ့ အတိတ်တုန်းက စိတ်ခံစားချက်များကို နားလည်ပေးပြီး သင့်တော်သော နှစ်သိမ့်မှုကိုပေးပါ။ မဟုတ်လျှင် ကျေးဇူးပြုပြီး အခုချက်ချင်း သေလိုက်ပါတော့ (၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

လုလီထင်သည် အလွန်ရက်စက်နိုင်သည်။ ဝတ္ထုဇာတ်လမ်းထဲတွင် ကျီချင်းချင်းသည် အောက်သို့ပြုတ်ကျသွားပြီး မည်သူမဆို သူမကိုနင်းချေနိုင်သည့်အချိန်က သူက သူမအား ဂရုဏာမထားခဲ့ပါ။ ပါတီပွဲတစ်ခုမှာ အမျိုးသမီးဇာတ်လိုက်ရဲ့ဖိနပ်ပေါ်သို့ ဝိုင်နီများ စွန်းထင်းသွားစေခဲ့ရာ သူမအား ထိုဝိုင်နီများကို သုတ်ပေးစေခြင်းဖြင့် လက်စားချေခဲ့သည်။

ယခုအချိန်တွင် လုလီရှင်း၏ကျန်းမာရေး အခြေအနေ မကောင်းသောကြောင့် လုလီထင်ကို အိမ်သို့ပြန်ခေါ်ရန် အကြီးအကဲလုက လူများကို စေလွှတ်ခေါ်ခိုင်းခဲ့တာဖြစ်သည်။  သူ့အစ်ကိုကြီး သေဆုံးခါနီးဖြစ်သောကြောင့် သူ့ကိုပြန်လာခိုင်းပြီး လုမိသားစုရဲ့ အမွေဆက်ခံသူဖြစ်လာရန် အချိန်ရောက်ပြီ။

Thud!

စာကြည့်ခန်းရဲ့အခန်းတံခါးကို တစ်ခုခုနဲ့ထိသွားသည့်အသံမျိုး ကြားလိုက်ရသည်။ အန်တီဖေးသည် အပေါ်ထပ်သို့ အလျင်အမြန် တက်သွားသည်။ သူမ စာကြည့်ခန်းရဲ့ရှေ့ရောက်တာနဲ့ တံခါးက ပွင့်လာခဲ့သည်။ စင်္ကြံလျှောက်လမ်းရဲ့အလင်းရောင်က အားနည်းနေသည်။ စာကြည့်ခန်းမှ အလင်း‌ရောင်သည် တံခါးအပြင်ရပ်နေသည့် ထိုလူအပေါ် တစ်ဝက်ခန့် ဖြာကျနေသည်။ သူသည် တံခါးကို အကုန်လုံးဖွင့်လိုက်ပြီးနောက် အန်တီဖေးနှင့် မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။

အန်တီဖေးသည် သူ့ကို မျက်ရည်အပြည့်ဖြင့် ကြည့်လိုက်သည်။

“ဒုတိယသခင်လေး နောက်ဆုံးတော့ မင်းပြန်လာခဲ့ပြီပေါ့…”

လုလီထင်နှင့် လုလီရှင်းသည် မျက်နှာသွင်ပြင်များ ဆင်တူကြသည်။ သူတို့ ပိုင်ဆိုင်ထားတဲ့ မျက်နှာသွင်ပြင်တွေက သူတို့ရဲ့ ထူးခြားတဲ့စွမ်းဆောင်ရည်တွေကို ရောင်ပြန်ဟပ်သည်။ သူက လုလီရှင်းထက်ငယ်သော်လည်း သူ့ခန္ဓာကိုယ်ကြံခိုင်မှုနှင့် ခွန်အားက သူ့အစ်ကိုထက် ပိုကောင်းသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Donde viven las historias. Descúbrelo ahora