Unicode
အခန်း (၁၀၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)ကျီချင်းချင်းသည်လည်း အရမ်းစိတ်ကျေနပ်သွားသည်။
လုယောင်ရဲ့ အကြောသေနေသည့် မျက်နှာကြောင့် ကြော်ငြာကို ဘယ်နှကြိမ် ဘယ်နှခါ ပြန်ရိုက်ရမည်ကို သူမ မသိပေ။ လုယောင်က ချောကလက်ကို ကျွေးတာထက် သူမကိုယ်တိုင် ချောကလက် ကျွေးလိုက်တာက ပိုကောင်းပါသည်။
ချောကလက်တွင် ကယ်လိုရီနှင့် အဆီတွေ အများကြီး ပါဝင်သည်။
"လာခဲ့၊ အလင်းရောင်တွေနဲ့ ကင်မရာတွေ အားလုံး အဆင်သင့် ပြင်ထားတော့။ ငါတို့ အခုပဲ စတင်ရိုက်ကူးကြရအောင်။ ဒါကို တစ်ကြိမ်တည်းနဲ့ ပြီးအောင် ရိုက်ကူးကြရအောင်။"
"ဒီရိုက်ကူးရေးပြီးရင် နင့်အကြောင်း အတင်းအဖျင်း ထွက်လာမှာ မဟုတ်လို့ နင် စိတ်ချထားနိုင်တယ်။ ဒီလောက် စိတ်တင်းကြပ်မနေနဲ့။ ပြုံးထား။" ကျီချင်းချင်းက ချိုမြိန်စွာ ပြုံးပြီး လုယောင်ကို ပြောလိုက်သည်။
လုယောင်သည် သူမမျက်နှာပေါ်ရှိ အပြုံးလေးကို သူမမျက်ဝန်းများဆီသို့ ရောက်လုနီးပါး တွေ့လိုက်ရသည်။ လုယောင်သည် သူ့သွားဖုံးပေါ်ကို လျှာထိုးကြည့်လိုက်သည်။ သူ့ပါးစပ်ထဲမှာ ကျန်နေသေးတဲ့ ချောကလက်ရဲ့ ချိုမြိန်မှုကို မြည်းစမ်းကြည့်နိုင်ပါသေးသည်။
"3, 2, 1, start!"
ကျီချင်းချင်းသည် လုယောင်ရဲ့ အနောက်တွင် ရပ်ကာ သူ့မျက်လုံးတွေကို ဖုံးအုပ်လိုက်သည်။ သို့ရာတွင် လုယောင်က သူမလက်ကောက်ဝတ်ကို ဆွဲယူပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ သူမကို ငုံ့ကြည့်လိုက်သည်။
ကျီချင်းချင်းက သူ့မျက်ဝန်းတွေကို မော့ကြည့်လိုက်သည်။ သူ့အကြည့်တွေမှာ အနည်းငယ် ချိုမြိန်နေသလို ခံစားရသည်။
သူတို့နှစ်ယောက်ရှေ့မှ မီးအလင်းရောင်သည် လင်းလက်နေပြီး သူတို့ရဲ့ နောက်ဝယ် အရိပ်တစ်ခု ပေါ်ထွက်လာစေသည်။
သူမသည် လုယောင်ကို ချောကလက်တစ်ပိုင်း ခွံ့ကျွေးလိုက်သည်။ လုယောင်က ချောကလက်လေးကို တစ်ကိုက် ကိုက်လိုက်သည်။