Chapter-10

3.8K 435 3
                                    

Unicode

အခန်း (၁၀) - လုလီရှင်းသည် သူ့ကိုယ်ပိုင်အသုဘကို သူကိုယ်တိုင်တက်ရောက်နေသည်ဟု ခံစားရကာ သူ့မျက်မှောင်ကိုတင်းတင်းကြုတ်ထားမိသည် (၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းသည် သူမ ဒါကို သိပြီးသားဖြစ်ပေမယ့် ဆရာဝန် ရှင်းပြနေတဲ့ ရောဂါလက္ခဏာအကြောင်းကို ပြတ်ပြတ်သားသားကြားရချိန်မှာ သူမနှလုံးသားဟာ ရှင်းမပြနိုင်လောက်အောင် တုန်လှုပ်နေမိသည်။

“ဆရာဝန်တစ်ယောက်အနေနဲ့ ကျွန်တော် မင်းကို ပေးနိုင်တဲ့ တစ်ခုတည်းသော အကြံဥာဏ်က မစ်စတာလုကို သူ့ရဲ့‌နောက်ဆုံးနေ့ရက်တွေမှာ နောင်တမရအောင် ကူညီဖို့ပဲ အကြံပေးချင်ပါတယ်”

ကျီချင်းချင်း၏နှလုံးသားဟာ ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသလို ခံစားသွားမိသည်။

“လုလီရှင်းကို ဆေးရုံကဆင်းခိုင်းပြီးတော့ အိမ်ကိုပြန်ခေါ်သွားဖို့ ငါ ဆုံးဖြတ်လိုက်ပြီ” ဟု ခေါင်းဆောင်ဟောင်းလုက ပင်ပန်းနွမ်းနယ်စွာ ဆိုလိုက်သည်။

ခေါင်းဆောင်ဟောင်းလုသည် လွန်ခဲ့သောလပင် သူ့မြေးအတွက် စိုးရိမ်သောကများဖြင့် ပင်ပန်းနေခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်နေသောကြောင့် တစ်ညလေးတောင် အေးချမ်းတိတ်ဆိတ်စွာ အနားယူနိုင်ခြင်း မရှိခဲ့ပါ။

သေခြင်းတရားကို ရင်ဆိုင်ရခြင်းသည် သစ်ရွက်တစ်ရွက်က အပင်ခြေရင်းသို့ ကြွေလွင့်သွားသည်နှင့် အလျားသဏ္ဍာန်တူတယ်လို့ အသက်အရွယ်ကြီးရင့်သူများက တွေးထင်ကြသည်။

"အဖိုးလု ကျွန်မ ..."

“မင်း စိတ်ပူစရာမလိုဘူး။ သဘောတူညီချက်ကို အဆုံးထိ ငါ ဆက်လုပ်ပေးမှာပါ။ ငါ မင်းရဲ့ပြဿနာတွေကို ဖြေရှင်းပေးမယ်။ မင်းက လုလီရှင်းရဲ့ဇနီးဖြစ်လို့ မင်း သူ့ရဲ့နောက်ဆုံးရက် အနည်းငယ်အတွင်း သူ့အနားမှာရှိနေပေးမယ်လို့ ငါ မျှော်လင့်တယ်”

ကျီချင်းချင်းသည် ခေါင်းညိမ့်လိုက်သည်။ “ဟုတ်ကဲ့ ကျွန်မရှိပေးရမှာပေါ့။ အဲ့ဒီအတွက် အဖိုး စိတ်ပူစရာ မလိုပါဘူး”

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Où les histoires vivent. Découvrez maintenant