Chapter-52

2.2K 248 1
                                    

Unicode

အခန်း(၅၂) – “သင့်ချစ်ဇနီးအပေါ် ချစ်မြတ်နိုးသည့် အပြုအမူများ ပြုလုပ်ရန် ကျွန်ုပ်နှင့် အတူပူးပေါင်းပါဝင်ပေးပါ။ သင့်ကို ခင်ပွန်းလို့ခေါ်ဆိုစေဖို့ အစပြုလုပ်ဆောင်ရန် အမှတ်ရပါ။” (၄)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

အကြီးအကဲလုသည် စိတ်သက်သာရစွာ ပြုံးလိုက်မိသည်။ “ကလေးရေ အဖိုးကို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပြီး ငါ့ရဲ့တောင်းဆိုချက်ကို လိုက်လျောပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ သမီးကြောင့်သာမဟုတ်ရင် လီရှင်း နိုးထလာမှာမဟုတ်ဘူး။”

ကျီချင်းချင်းသည် အလောတကြီး ပြောလိုက်သည်။ “အဲ့လိုမပြောပါနဲ့။ သမီး ဘာတစ်ခုမှတောင် မလုပ်ပေးရသေးပါဘူး။”

အကြီးအကဲလုသည် လျှို့ဝှက်စွာ ပြုံးလိုက်သည်။ “လီရှင်းနဲ့သမီးတို့ရဲ့ အိမ်ထောင်ရေးက သူ့အတွက် အကြီးမားဆုံးအကူအညီပဲ။ အခုလီရှင်းက ပြန်လည်သက်သာလာပြီဆိုတော့ အဖိုးမေးချင်တာက သမီး ဒီမှာဆက်နေဖို့ စိတ်ဆန္ဒရှိနေသေးရဲ့လား။”

ကျီချင်းချင်းသည် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

“အထင်မလွဲပါနဲ့။ အဖိုးထင်တာက အခုခေတ်လူငယ်တွေက တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ချစ်ကြိုက်ပြီး လက်ထပ်တာကို လိုချင်ကြတယ်။ အဖိုးက သမီးကို လီရှင်းနဲ့အတူ အတင်းအကြပ် ဆက်နေခိုင်းမယ်ဆိုရင် သမီးဆက်နေဖို့ဆန္ဒမရှိဘူးလို့ ယူဆမိလို့ မေးကြည့်တာပါ။” ဟု အကြီးအကဲလုမှ ကျီချင်းချင်းအား ပြောလိုက်သည်။

ကျီချင်းချင်းသည် အနေခက်စွာ ပြုံးပြလိုက်ပြီး ဘာမှပြန်မပြောနိုင်တော့ပါ။

“တကယ်တော့ အရင်ခေတ်တွေတုန်းက‌ဆို လက်ထပ်ထိမ်းမြားရင် တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာရှိမရှိကို ထည့်မစဥ်းစားကြဘူး။ အရင်တုန်းဆိုရင် အဖိုးရဲ့မင်္ဂလာပွဲကို မိဘတွေပဲဆုံးဖြတ်ပြီး သူတို့ လက်ထပ်ထိမ်းမြားခိုင်းတဲ့ မိန်းကလေးကိုပဲ လက်ထပ်ခဲ့ရတယ်။ အဖိုးရဲ့ဇနီးကို မင်္ဂလာပွဲနေ့မရောက်ခင်အချိန်ထိ တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ စကားလည်း တစ်ခါမှမပြောဖူးဘူး။ မင်္ဂလာအခမ်းအနားကျင်းပပြီး သုံးရက်အကြာမှ သူမနဲ့အပြန်အလှန် စကားပြောဖြစ်ခဲ့ကြတယ်။ မင်္ဂလာပွဲမတိုင်ခင်မှာ အဖိုးတို့နှစ်ယောက် တစ်ဦးနဲ့တစ်ဦး ခံစားချက်တွေမရှိခဲ့ကြဘူး။ နှစ်ဖက်မိဘတွေပေးစားလို့ လက်ထပ်ယူခဲ့ရပေမယ့် နောက်ပိုင်း‌မှာ အဘိုးက သူမကိုချစ်တာရပ်လို့ကိုမရနိင်တော့ဘူး။ အချင်းချင်းချစ်ကြိုက်လို့ ယူကြတာပဲဖြစ်ဖြစ် လက်ထပ်ပြီးမှ ချစ်သွားကြတာပဲဖြစ်ဖြစ် သမီးနဲ့သင့်တော်တဲ့လက်တွဲဖော်ကို ရှာတွေ့ဖို့ကသာ တကယ်အရေးကြီးတဲ့ကိစ္စပါပဲ။”

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Hikayelerin yaşadığı yer. Şimdi keşfedin