Unicode
အခန်း (၇၅) - မင်း ကြိုက်တာ မှန်သမျှကို ဝယ်ပစ်လိုက် (၄)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)"ကျွန်မ ရှင့်ကို စောင့်ရင်း ပျင်းလာလို့၊ ကုန်တိုက်ထဲမှာ အဝတ်အစားတွေ လျှောက်ကြည့်နေတယ်။" ကျီချင်းချင်းသည် သူမကြည့်နေ့သည့် ကုန်အမှတ်တံဆိပ် စတိုးဆိုင်၏ အမည်ကို သူ့ကို ပြောလိုက်သည်။
လုလီရှင်းသည် သူ့ဒေါသတွေကို ထိန်းရင်း အံတင်းတင်းကြိတ်ကာ ထိုနာမည်ကြီး အဝတ်အစားဆိုင်သို့ အမြန်ချီတက်ခဲ့သည်။
ထိုဆိုင်သည် နိုင်ငံတကာ ပထမတန်းစား အမှတ်တံဆိပ် စတိုးဆိုင် ဖြစ်သည်။ ဆိုင်မှာ အသစ်ရောက်ရှိလာတဲ့ အဝတ်အစားတွေ အများကြီးရှိပါသည်။ ဒီအချိန်မှာတော့ ဆိုင်မှာ ဖောက်သည် များများစားစား မရှိတော့ဘူး။ အရင်ကတုန်းကဆို ကျီချင်းချင်းက ဒီလိုဆိုင်မျိုးကို ဝင်လာဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ဒီနေ့မှာတော့ သူမ အချိန်ဖြုန်းဖို့အတွက် ဝင်လာခဲ့တာဖြစ်ပြီး ဝယ်ဖို့ အစီအစဥ်မရှိသေးပါဘူး။ အခုအချိန်တွင် သူမလက်ထဲမှာ ငွေအမြောက်အမြား ရှိနေသော်လည်း ဂဏန်း လေးလုံး၊ ငါးလုံး၊ ခြောက်လုံး ကျသင့်တဲ့ စျေးနှုန်းတွေကို ဝယ်ယူဖို့ သူမ အရမ်းစျေးကြီးတယ်လို့ ခံစားနေရဆဲပင် ဖြစ်သည်။
လုလီရှင်း ထိုအဝတ်အစားဆိုင်သို့ ရောက်ရှိသွားချိန်တွင် ကျီချင်းချင်းက စကတ်တစ်ထည်ကို ကြည့်နေတာကို တွေ့လိုက်ရသည်။
ဆိုင်ဝန်ထမ်းက သူ ဆိုင်ထဲကို ဝင်လာတာကို တွေ့တော့ ဝန်ဆောင်မှုပေးဖို့ အပြေးလာခဲ့သည်။
လုလီရှင်းသည် သူ့ကို ဝန်ဆောင်မှုပေးဖို့ မလိုအပ်ဘူးလို့ ဆိုသည့်ဟန် လက်ကို ဝှေ့ယမ်းပြီး ကျီချင်းချင်းဆီသို့ အမြန်လျှောက်သွားလိုက်သည်။
-- "ဆယ်မိနစ်ပဲ ကျန်တော့တယ်။"
ကျီချင်းချင်း လှည့်ကြည့်လိုက်တာနဲ့ သူ့ကို တွေ့လိုက်ရသည်။ အပြုံးလေးဖြင့် သူ့ကို မေးလိုက်သည်။ "ရှင် ရောက်ပြီလား။ ရှင် ဘာဖြစ်လို့ ကျွန်မကို ရှာနေတာလဲ။"
လုလီရှင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ "မင်း ဒီစကတ်ကို ကြိုက်လား။"
STAI LEGGENDO
ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)
Storie d'amoreType: Web novel (CN) Associated Names: I'm young and I'm waiting at home for my spouse to return Ta Tuổi Còn Trẻ Tưởng Thủ Sống Quả [ Xuyên Thư ] 我年纪轻轻想守活寡[穿书] English Names: My Wife is My Life! Chinese Author: 公子闻筝 English Translator: Sleepy Transl...