Arc 1.1(လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်)

20.4K 888 15
                                    

Unicode

(လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၁)

  ပိုင်ယွီသည် သူ၏ခန္ဓာကိုယ်အား မသက်မသာနှင့် တွန့်လိမ်နေမိပြီး စိုစွတ်သောမျက်ရည်ကြည်တို့က သူ၏မျက်ဝန်းမှ စီးကျနေသလို နှုတ်ခမ်းဖျားမှထွက်လာသော ညည်းတွားသံများကိုပင် မရပ်တန့်နိုင်ပေ။ 

    သူ့အရှေ့တွင်ရှိနေသောလူအား အလွန်ကြောက်ရွံ့နေပုံရပြီး ပါးစပ်ဟလိုက်ချိန်မှာပင် သေချာစကားပြောရန် ခက်ခဲနေသည်။

  ထိုအမျိုးသား၏ အေးစက်သောလက်ချောင်းတို့က ကျောက်စိမ်းသဖွယ် တင့်တယ်လှသော သူ၏ပါးပြင်ထက်၌ ပြေးလွှားနေသည်။ သြရှရှအသံတစ်သံက သူ့နားထဲတိုးဝင်လာသည်။ 

  "ကျေးဇူးပြုပြီး လိမ္မာစမ်းပါ။ မင်းသာ ကိုယ့်ကိုတောင်းဆိုနေသရွေ့ ဘယ်အရာကိုမဆို စိတ်တိုင်းကျစေရမယ်"

  ပိုင်ယွီသည် ရှည်လျားကော့ညွှတ်နေသော သူ၏မျက်တောင်များက လှုပ်ရှားလိုက်သောအခါ ကြည်လင်သောမျက်ရည်စက်တို့က မျက်ဝန်းထောင့်ဖျားမှတဆင့် သန့်ရှင်းနေသောအဖြူရောင်အိပ်ရာခင်းထက် ဆင်းသက် သွားလေသည်။  

  သူ၏မျက်ဝန်းထဲ၌ နာကျင်မှုအရိပ် အယောင်များကို မြင်လိုက်ရသော ထိုလူ၏အကြည့်တို့က ပို၍နာကျင်နေရပုံပေါ်လာသလို မသိမသာလဲမျက်မှောင်ကြုံ့လာလေသည်။ 

  သူ၏ရှေ့မှ သွယ်လျနုနယ်ပြီး နူးညံ့လှပသောကောင်ငယ်လေး၏ပုံရိပ်က မြင်သမျှလူတိုင်းကို စိတ်နှလုံးထိခိုက်စေသည်။ 

   ထိုအမျိုးသားက လက်ကိုဆန့်၍ ပိုင်ယွီ၏မျက်ရည်များကို သုတ်ပေးလာသလို အသံကလဲ နူးညံ့လာသည်။ "မငိုပါနဲ့လား မင်းကသာ ကိုယ့်ကို ဘယ်တော့မှထားမသွားပါဘူးလို့ ကျိန်ဆိုပြမယ်ဆို ကိုယ်ကလဲမင်းကို နာကျင်အောင်မလုပ်တော့ပါဘူး"  

   ပိုင်ယွီက ငြင်သာစွာခေါင်းငြိမ့်ပြပြီး အသံတိုးတိုးလေးနှင့် တုံ့ပြန်လိုက်သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now