unicode
အပိုင်း(၄၈) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၈.၂)
သူ့စိတ်ထဲတွင် မည်မျှပျော်ရွှင်နေရသည်ကို ပြော၍ပင်မတတ်ပါချေ။
လီယွီဖုန်းက အလွန်ပျော်ရွှင်နေသော်လဲ ပိုင်ယွီကမူ သေရမည်ကို ကြောက်လန့်နေသောကြောင့် လီယွီဖုန်းအား တွန်းဖယ်လိုက်ပြီး
"နမ်းမနေနဲ့ ငါတို့တကယ် သေတော့မှာဟ""မသေပါဘူးကွ အရူးလေးကလဲ ကိုယ်ကဘယ်လိုလုပ်ပြီး မင်းကိုသေခိုင်းရက်မှာလဲ"
ပျော်ရွှင်နေသော လီယွီဖုန်း၏အသံက ပိုင်ယွီ၏နားထဲ တိုးဝင်လာခဲ့သည်။
မသိမသာထွက်ပေါ်လာသော လီယွီဖုန်း၏အပြုံးနှင့်အတူ ပြုတ်ကျလာသောအရှိန်ကလဲ ရုတ်တရက် လျော့ပါးသွားသည်။
နောက်ဆုံးတွင် ခြေလှမ်းတို့က မြေပြင်ပေါ်သို့ တည်ငြိမ်စွာနင်းမိသည်။
နောက်ဆုံးတွင် ပြုံးယောင်သန်းလာရသည့်ပိုင်ယွီကိုကြည့်နေသည့် လီယွီဖုန်း၏မျက်လုံးများထဲ၌ အပြုံးရိပ်တို့သန်းနေခဲ့လေသည်။
နံဘေးမှလူများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပိုင်ယွီ၏နှုတ်ခမ်းများကို တဖန်နမ်းရှိုက်မိပြန်သည်။
ဆုံးရှုံးရလုနီးပါး ခံစားထားရဖူးပြီဖြစ်၍ သူ့ရှေ့မှလူသားလေးအား ပို၍ပင်ချစ်မြတ်နိုးလာမိသည်။
ဤအခေါက်တွင်မူ ပိုင်ယွီအား လုံးဝအဆုံးရှုံးခံတော့မည်မဟုတ်ပေ။
"ကိုယ် ပိုင်ယွီ့ကိုချစ်တယ် "
အသံတိုးတိုးလေးတစ်သံက ပိုင်ယွီ၏နားထဲ စီးဝင်လာခဲ့သည်။
"မင်းကိုချစ်တယ် ပိုင်ယွီ ကိုယ်တကယ်ချစ်တာပါ"
ပိုင်ယွီသည် သူ့ရှေ့မှလူအား ငေးကြည့်နေမိသည်။ ရုတ်တရက် ဖွင့်ပြောခံရမည်ဟု မတွေးထားမိသဖြင့် ပိုင်ယွီ၏ပါးပြင်လေးများက နီရဲလာရသည်။ထိုအချိန်တွင် ရှောင်မီဟူ၏အသံလေးက ကွက်တိထွက်ပေါ်လာသည်။
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၁၀ပါ၊ လက်ရှိပစ်မှတ်ရဲ့နှစ်သက်မှုက ၁၀၀%ဖြစ်ပြီး မစ်ရှင်ပြီးဆုံးသွားပါပြီ]
ပိုင်ယွီသည် ထိုစကားကို အထိတ်တလန့် နားထောင်နေမိသည်။
'မဖြစ်ဘူး ကလေးတောင် မမွေးပေးရသေးသလို အခုမှ ဗီလိန်က ဖွင့်ပြောလိုက်တာကို ဒီလိုမျိုးတော့ ထွက်မသွားနိုင်ဘူးလေ'
"မဖြစ်ဘူး"
ပိုင်ယွီသည် လီယွီဖုန်း၏ခါးကို တတ်နိုင်သလောက် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။
မည်သို့ပင်ဖြစ်စေ သူ့အနေနှင့် ဤကမ္ဘာမှ ထွက်သွားဦးမည်မဟုတ်ပါချေ။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️