Arc 2.19(1)

4.2K 368 2
                                    

unicode

အပိုင်း(၄၉) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၉.၁)

လီယွီဖုန်းသည် သတင်းထောက်အား အသာအယာပြုံးပြလိုက်ပြီးနောက် ပိုင်ယွီအား ပို၍ပင်တိုးဖက်လိုက်ပြီး အားပါးတရဖြေကြားတော့သည်။

"ဟုတ်ကဲ့ သူကတော့ ကျွန်တော်နဲ့ စေ့စပ်ထားသူပါ ပြီးတော့ အားလုံးကိုပြောပြရမဲ့ သတင်းကောင်းတစ်ခုလဲ ရှိနေပါသေးတယ် အခုဆိုရင် သူ့မှာ ကျွန်တော်ရဲ့ရင်သွေးကို လွယ်ထားရပါပြီ လက်ထပ်ပွဲကိုလဲ မကြာခင်မှာ ကျင်းပကြမှာပါ"

လီယွီဖုန်း၏စကားအဆုံးတွင် အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။လီယွီဖုန်းသည် အိုမီဂါတစ်ယောက်နှင့် ချစ်ကြိုက်သွားမည်ဟု မည်သူမှမထင်ခဲ့ပေ။

ကင်မရာအားလုံးက ပိုင်ယွီအား ချိန်ထားကြသည်။ ပိုင်ယွီ၏ပုံသဏ္ဍာန်လေးက သေးသွယ်ကာ သူ၏မျက်လုံးအစုံက လီယွီဖုန်းကိုသာ မလှုပ်မယှက်ငေးကြည့်နေသည်။

ပယင်းရောင်မျက်ဆံလေးများက လှပစွာရောင်ပြန်ဟပ်နေပြီး မျက်ခုံးနားအထိ ဝေ့ဝဲကျနေသော အနက်ရောင်ဆံနွယ်များက ပွပွလေးဖြစ်နေသော်လဲ အမြင်မရိုင်းဘဲ ကြည့်ကောင်းလှသည်။

ချောမွတ်သောအသားအရေရှိပြီး နှာတံမြင့်မြင့်လေးက နူးညံ့သောပါးဖောင်းဖောင်းလေးများနှင့်လိုက်ဖက်ကာ နှုတ်ခမ်းပါးလေးများက ချယ်ရီသီးသဖွယ် နီရဲနေလေသည်။

ယခင်က အားလုံးမှာ လီယွီဖုန်းကိုသာ အာရုံစိုက်နေမိခဲ့ကြသည်။ ယခုအခါတွင်မူ ပိုင်ယွီအား သတိထားမိလိုက်မှသာ လီယွီဖုန်းကျရှုံးသွားရသည့်အကြောင်းကို အားလုံးနားလည်လိုက်သည်။

ပိုင်ယွီသည် လှပလွန်းသဖြင့် ကမ္ဘာမြေပေါ်မှ လူတစ်ယောက်နှင့်ပင် မတူပါချေ။ အသက်ရှုနေပုံကအစ တည်ငြိမ်လှသည်။ ဤသို့သူမျိုးက အင်ပါယာ၏စစ်ဦးစီးချုပ်နှင့် ထိုက်တန်ပါပေသည်။

သတင်းထောက်သည် ပိုင်ယွီရှေ့သို့ မိုက်ခရိုဖုန်းကိုရွေ့လိုက်ပြီး "ဒါဆို မစ္စတာပိုင်ကရော လက်ထပ်ပွဲအတွက် ဘာတွေမျှော်လင့်ထားတာမျိုးရှိပါသလဲ"

ပိုင်ယွီကမူ ဘာမှမပြောဘဲ ရပ်ရုံရပ်နေခဲ့သည်။

ထို့ကြောင့် ပိုင်ယွီကြောက်လန့်နေဆဲဟု လီယွီဖုန်းထင်မှတ်သွားသဖြင့် ပိုင်ယွီအား သူ၏နောက်ကျောဘက်သို့ ပို့လိုက်ပြီး "တောင်းပန်ပါတယ် သူက ဒီလိုအခြေအနေကို နေသားမကျဖြစ်နေလို့ပါ"

ထိုအချိန်တွင် ပိုင်ယွီကမူ ထွက်သွားရမည့်ကိစ္စကြောင့် ထိတ်လန့်တုန်လှုပ်နေဆဲပင်။

သူ့အနေနှင့် ဤကမ္ဘာမှ ခပ်မြန်မြန်ကြီး မထွက်သွားချင်သေးပေ။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now