Arc 4.10(1)

1.8K 150 0
                                    

unicode

အပိုင်း(၈၇) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၀.၁)

သို့သော် မမျှော်လင့်ထားဘဲ စုန့်ယွီက တစ်ပတ်လည်သွားကာ အခြားတစ်ယောက်ကို ချစ်ခွင့်ပန်ခဲ့ပြီး ထိုသူက ပိုင်ယွီဖြစ်နေသည်။ ရုပ်ဆိုးနေသည်ကို ဖယ်လိုက်လျှင်ပင် ပိုင်ယွီက ယောကျာ်းလေးဖြစ်နေသေးသည်။ ထိုလူမျိုးကို ဖွင့်ပြောရသည်က ရွံရှာစရာကောင်းလှသည်မဟုတ်ပါလော။

တွေးကြည့်မိလေလေ ပိုင်ယွီအပေါ်ရှိနေသည့် ကျောင်းပန်းလေး၏မနာလိုမှုတို့က ပိုတိုးလာခဲ့သည်။

'ဘာကြောင့်လဲ ဘာကြောင့်များ ပိုင်ယွီလဲ'

သို့သော် ကိစ္စမရှိသေး။ စုန့်ယွီကို သူမမကြိုက်။ သူမကြိုက်သည်က ရှဲ့ကျွင်းယန်ဖြစ်သည်။ ထိုအကြောင်းစဉ်းစားနေရင်းမှ ရှဲ့ကျွင်းယန်ကို လှည့်ကြည့်လိုက်သည်။ ရှဲ့ကျွင်းယန်၏မျက်နှာက အလွန်သုန်မုှန်နေပြီး ဘာတွေးနေသည်ကို သူမလဲမသိပေ။

ပိုင်ယွီ၏စကားအဆုံးတွင် ဇာတ်လိုက်နေရာ၌ သရုပ်ဆောင်ရမည့်ကောင်လေးမှာ စတင်ဒေါသထွက်လာပြီး တစ်တန်းလုံးရှေ့မှာတင် ပိုင်ယွီကို အော်ငေါက်တော့သည်။

"မင်းရူးနေတာလား ကိုယ့်မျက်နှာကိုယ်ပြန်မကြည့်ဘဲ တစ်ကျောင်းလုံးရှေ့မှာ အိပ်မောကျနေတဲ့အလှလေးရဲ့ ရွံစရာအကောင်းဆုံးဗားရှင်းကို ချပြမလို့လား"

မည်သို့ပင်ဖြစ်စေ ထိုပြဇာတ်၏အဆုံးသတ်၌ နမ်းရသည့်အခန်းပါသည်။ ကျောင်းသားများဖြစ်ကြသည့်အတွက် အမှန်တကယ်နမ်းကြရန်မဖြစ်နိုင်သော်လဲ ဟန်ဆောင်အနမ်းသည်ပင် အလွန်နီးကပ်စွာထိတွေ့ရန် လိုအပ်ပါသည်။

ဟန်ဆောင်နမ်းနေစဉ်အတွင်း ပိုင်ယွီကို အနီးကပ်ကြည့်ရမည်ဟု စဉ်းစားလိုက်ရုံနဲ့တင် နေမကောင်းဖြစ်ချက်လာသည်။ ထိုမျှတင်မကဘဲ ပြဇာတ်ပြီးသွားချိန်၌ လူတိုင်း၏လှောင်ပြောင်မှုကို ကျိန်းသေခံရဦးမည်။

ကနဦးတွင် အလှလေးနေရာအတွက် ကျောင်းပန်းလေးက သရုပ်ဆောင်မည်ဟု ထင်ခဲ့ပါသော်လဲ ရုတ်တရက်ကြီး ပိုင်ယွီဖြစ်သွားရသည်။ ကောင်းကင်ဘုံကနေ ငရဲကိုထိုးကျသွားသလိုပင်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now