Arc 2.16(1)

4.4K 395 8
                                    

unicode

အပိုင်း(၄၆) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၆.၁)

လီယွီဖုန်းသည် မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိပြီး အသက်ရှုရန်ပင် မေ့နေခဲ့သည်။

ထိုအချိန်၌ သူ့နှလုံးခုန်သံကိုပင် ပြန်ကြားနေရလေသည်။ ဆရာဝန်က ထပ်ပြောပြခဲ့သည်။ "လူနာက ကိုယ်ဝန်ရှိနေတာပါ ကိုယ်ဝန်နုသေးပေမဲ့ အတည်ပြုနိုင်နေပါပြီ"

"တကယ်ကြီးလား"

စက္ကန့်ပိုင်းလောက်အထိ သူ့ကိုယ်သူ နားကြားမှားနေသည်ဟု လီယွီဖုန်းထင်နေဆဲပင်။

ပြောပြ၍ပင်မတတ်နိုင်သည့် ပျော်ရွှင်မှုတစ်ခုက သူ့နှလုံးသားထဲမှလျှံထွက်လာပြီး တစ်ကိုယ်လုံးသို့ ဖုံးလွှမ်းသွားလေသည်။

လဲလျောင်းနေသေးသော ပိုင်ယွီကိုကြည့်ကာ လက်တို့အား ဆုပ်ကိုင်ထားမိသည်။ သူ့မျက်လုံးထဲမှ အပြုံးသည်ကား အပြင်သို့လျှံကျမတတ်ပင်။

ပိုင်ယွီသည် အမှန်တကယ်ပင် ကိုယ်ဝန်ရှိနေပြီး သူ့ကလေးကိုလွယ်ထားရပြီဖြစ်သည်။

ထိုကိစ္စထက် ပိုကောင်းမွန်သောအရာမှာ ဤကမ္ဘာတွင် ရှိပါဦးမည်လော။

လီယွီဖုန်း ရယ်လိုက်မိသည်။

နွေးထွေး၍ချစ်စဖွယ်ကောင်းသော ပုံရိပ်လေးတစ်ခုက အတွေးထဲဝင်လာသည်။

မကြာမီအချိန်တွင် ချစ်စဖွယ်မုန်လာထုပ်လေးသည် အိမ်တော်တွင် ပြေးလွှားဆော့ကစားနေပါတော့မည်လော။

သို့သော် ဆရာဝန်မျက်နှာက သိပ်မကောင်းဘဲ တင်းမာနေသည်။

"ဒါပေမဲ့လို့ သူ့အခြေအနေက လုံးဝဆိုးရွားနေတာကြောင့် ကိုယ်ဝန်ကလဲ မတည်မငြိမ်ဖြစ်နေပါတယ် ကိုယ်ဝန်မြဲဖို့က ဖြစ်နိုင်ချေသိပ်မရှိပါဘူး"

"ဘယ်လိုဖြစ်ရတာလဲ"

ဆရာဝန်၏စကားက လီယွီဖုန်း၏ရင်ထဲမှ အပျော်များကို ပျက်သုန်းသွားစေပြီး သူ့အား ထိတ်လန့်လာစေခဲ့သည်။

"လူနာရဲ့ခန္ဓာကိုယ်ကိုစစ်ကြည့်တဲ့အခါ လူနာဟာ ကိုယ်ဝန်ရခါစအချိန်မှာ ပြင်းထန်တဲ့ဒဏ်ရာ အများအပြားရခဲ့တာကို တွေ့ခဲ့ရပါတယ်"

ဆရာဝန်သည် ခေါင်းကိုခါလိုက်ပြီး သူ၏မျက်ခုံးများကလဲ တွန့်ချိုးနေလေသည်။

"အကြောင်းရင်းကိုပြောရရင် အိုမီဂါတွေဟာ estrusကာလမှာ အမှတ်အသားပြုခံလိုက်ရပြီဆို သူတို့မှာ ကိုယ်ဝန်ရနိုင်ချေ ၉၀%ရှိပါတယ် ပုံမှန်အားဖြင့်တော့ အဲ့လိုကာလတွေမှာ အိုမီဂါတွေဟာ သူတို့ကိုယ်သူတို့ အရမ်းဂရုစိုက်ရပါတယ် ဒါပေမဲ့ ကုတင်ပေါ်ကတစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရထားသလို အာဟာရချို့တဲ့မှုလဲဖြစ်နေတာကြောင့် လတ်တလောကာလတွေမှာ အစာကောင်းကောင်းမစားရတဲ့ပုံပါပဲ"

ဆရာဝန်၏စကားများက လီယွီဖုန်း၏မျက်နှာကို ချက်ချင်းဖြူဖျော့လာစေသည်။

တကယ်တမ်းတွင် အိုမီဂါများသည် estrusကာလ၌ အမှတ်အသားပြုခံရပါက ကိုယ်ဝန်ရနိုင်သည်ကို မသိခဲ့ခြင်းတော့မဟုတ်ပေ။ သို့သော် စိတ်ထဲမထားခဲ့မိချေ။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now