unicode
အပိုင်း(၈၉) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၂.၂)
နောက်တစ်နေ့ ကျောင်းရောက်သွားချိန်၌ သူ့ကို ကျောင်းအုပ်ကြီးရုံးခန်း၌ အတိုင်ကြားခံထားရကြောင်း ပိုင်ယွီသိလိုက်ရသည်။
အကြောင်းရင်းမှာ အတန်းချိန်အတွင်း ခွင့်ပြုချက်မရဘဲ စောစောပြန်သွား၍ပင်။ သို့သော် စိတ်ဝင်စားစရာကောင်းသည်က သူနှင့်ရှဲ့ကျွင်းယန် ၂ယောက်ထွက်သွားသော်လဲ အပြစ်တင်ခံရသည်က သူတစ်ယောက်ထဲသာဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ပိုင်ယွီသည် ဤကမ္ဘာမှလူမဟုတ်ဘဲ မစ်ရှင်အတွက် ရောက်လာခြင်းသာဖြစ်သည်။ ထို့ကြောင့် ကျောင်းထုတ်ခံရလျှင်ပင် ကြောက်စရာအကြောင်းမရှိပေ။ သူအာရုံစိုက်ရမည်ာ တစ်ခုတည်းသောအလုပ်မှာ ရှဲ့ကျွင်းယန်၏နှစ်သက်မှုကို အရယူရန်သာဖြစ်သည်။
စုဝေးကွင်း၌ သူ၏အပြစ်များကို ရှုံချထားသောစာအား ဖတ်ပြနေသော ကျောင်းမှအကြီးအကဲကို မတုန်မလှုပ်ကြည့်နေလိုက်သည်။
သူတစ်ယောက်ထဲသာ အပြစ်ဖို့ခံရခြင်းက ခပ်ကောင်းကောင်းဟုပင် ပိုင်ယွီတွေးမိသည်။ အကယ်၍ ရှဲ့ကျွင်းယန်ပါ ပါဝင်လာလျှင် အဆင်မပြေနိုင်ပေ။ ထိုသူသည် ကျောင်းသားကောင်းတစ်ယောက်မဟုတ်ပါလော။
သို့ပါသော်လဲ ရှဲ့ကျွင်းယန်၏မျက်နှာက အလွန်အမင်းသုန်မှုန်နေပြီဖြစ်သည်။ လက်ရှိတွင်သူသည် ကျောင်းသားကိုယ်စားလှယ်အဖြစ် စတိတ်နံဘေး၌ရပ်နေရသည်။
ပိုင်ယွီကို ဝေဖန်ရှုံ့ချနေသော အတန်းပိုင်ဆရာ၏စကားကို နားထောင်လိုက်ရုံနှင့် သူနှင့်ပိုင်ယွီကို ခပ်ခွာခွာနေစေချင်သောကြောင့် သတိပေးနေမှန်း သိလိုက်သည်။ အတန်းပိုင်၏အကျင့်အတိုင်းဆိုပါက နောက်တစ်ကြိမ်ရှိလာလျှင် ပိုင်ယွီကိုဆုံးမရုံသာမကတော့ဘဲ ၂ဦးစလုံးကို သတိပေးစာပို့တော့မည်ဖြစ်သည်။
အတန်းပိုင်၏စာဖတ်ပြနေသံအဆုံးတွင် ဆူညံသံများစွာ ထွက်ပေါ်လာသည်။ ကျောင်း၏နာမည်အကြီးဆုံးလူ၂ယောက်အကြောင်း မဟုတ်ပါလော။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️