Arc 3.5(2)

3.1K 356 10
                                    

unicode

အပိုင်း(၅၈) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၅.၂)

ရှစ်ယွင်ယီ၏လက်က ရပ်တန့်သွားသည်။

သူ့နှလုံးသားမှာ နားမလည်နိုင်လောက်အောင် တုန်ရီလာသည်။

လူသားများမှာ ဗန်ပိုင်းယားတို့နှင့်မတူဘဲ နုနယ်လှသည်။ နုနယ်လွန်းသဖြင့် လက်တစ်ချောင်းထဲနှင့်ပင် အသေသတ်ရန် လုံလောက်သည်။

ဗန်ပိုင်းယားတို့မှာ သန်မာလှသောကြောင့် ဒဏ်ရာအနာတရများမဆိုးထားဘိ နှလုံးကိုဆွဲထုတ်ခံရလျှင်ပင် ကြောက်စရာမလိုသေးပေ။ ကိုယ်ခန္ဓာက ၈စိတ်ကွဲသွားလျှင်ပင် ပြန်ဆက်နိုင်သည်။

သို့သော် လူသားများကို ထိုနည်းအတိုင်းဆက်ဆံပါက ထိုလူသားသည် ကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားလိမ့်မည်။

နောက်ထပ်ဘယ်တော့မှ ပြန်တွေ့ရတော့မည်မဟုတ်။

ရှစ်ယွင်ယီ မျက်မှောင်ကျုံ့လိုက်သည်။ စိတ်ဖောက်ပြန်နေစဉ်က မှတ်ဉာဏ်များက မပျောက်သွားပါပေ။ သူ၏စိတ်ထဲ၌ ရှိနေဆဲဖြစ်ပြီး သူ၏မျက်လုံးထဲ၌ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

သူသည် မပြတ်သားသောသူမဟုတ်ဘဲ လူများစွာကို သတ်ဖူးသော်လဲ ဤအကြိမ်တွင် တွန့်ဆုတ်နေမိသည်။

ထိုအချိန်တွင် မော့ယွင်၏ကြမ်းတမ်းသောအသံက ထွက်ပေါ်လာသည်။

"ဘာဖြစ်နေတာလဲ အခုတော့ လူတစ်ယောက်ကိုတောင် မသတ်နိုင်တော့ဘူးလား ရှစ်ယွင်ယီ မင်းကဘယ်အချိန်ကတည်းက ကြင်နာတတ်သွားတာလဲ"

မော့ယွင်၏ခေါင်းမှာ ကိုယ်မှပြတ်ထွက်သွားပြီး လဲပြိုကျသွားသည်။ လူအုပ်သည်လဲ ရှစ်ယွင်ယီအား ပိုင်ယွီ တားနေချိန်၌ ထွက်ပြေးသွားပြီဖြစ်သည်။

မည်သူမှ မရှိတော့ပေ။

"ကြည့်ပါဦး မင်းက ဘယ်လောက်တောင်တုံးအသလဲဆိုတာ"

ရှစ်ယွင်ယီသည် ပိုင်ယွီအား လှောင်ပြောင်လိုက်သည်။

"မင်းကသာ သူတို့ကိုကာကွယ်ပေးနေတာ ဒါပေမဲ့ မင်းကိုကာကွယ်ပေးဖို့ ဘယ်သူမှမနေခဲ့ဘူးလေ"

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now